၁၆ ကြိမ်မြောက် တောင်ကိုရီးယားရောက် မြန်မာဘောလုံးပြိုင်ပွဲ ကရင်လူငယ်အသင်းထပ်မံဗိုလ်စွဲ

၁၆ ကြိမ်မြောက် တောင်ကိုရီးယားရောက် မြန်မာဘောလုံးပြိုင်ပွဲ ကရင်လူငယ်အသင်းထပ်မံဗိုလ်စွဲ
by -
ကေအိုင်စီ
တောင်ကိုရီးယားနိုင်ငံ၊ ဖူချွန်မြို့တွင် ကျင်းပသည့် ၁၆ ကြိမ်မြောက်မြန်မာအသင်း(ကိုရီးယား) ဖလားပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲကို စက်တင်ဘာ ၁၄ရက်နေ့ တွင်ကျင်းပခဲ့ရာကရင်လူငယ်အသင်းက  All Star အသင်းကို ၂ဂိုး၊ဂိုးမရှိဖြင့် အနိုင်ရရှိကာ ထပ်မံဗိုလ်စွဲသွားသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကိုတောင်ကိုရီးယားနိုင်ငံရှိမြန်မာအသင်းအဖွဲ့ကဦးဆောင်ပြီးဇူလိုင် ၃ ရက်နေ ့မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသို ့အသင်း ၂၆ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတောင်ကိုရီးယားရောက် ကရင်လူငယ်များဖြင့် စုဖွဲ့ထားသည့် ကရင်လူငယ် အစည်းအရုံး(KYO-ကိုရီးယား) ကိုယ်စားပြု ကရင် လူငယ်အသင်းကဗိုလ်စွဲခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့အတွင်းရေးမှူးစောထွန်းထွန်းကပြောသည်။

“ အရမ်းဝမ်းသာတာပေါ့။KYO ကိုရီးယားအဖွဲ့က  ညီအကိုတွေရဲ့ စည်းလုံးမှုကို ပြတာလဲဖြစ်ပါတယ်။ အခုလိုဖလားရတာဟာ KYOကိုရီးယားအဖွဲ့တင်မက ကျွန်တော်တို့ကရင် လူမျိူ းတွေရဲ့ဂုဏ်သိက္ခာပါမြှင့်တင်သွားတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်” ဟု၎င်းက ကေအိုင်စီသို ့ပြောသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ကရင်လူငယ်အသင်းဗိုလ်စွဲခဲ့သလို၊ALL Star အသင်းကဒုတိယနှင့် ဥဿာ အသင်းကတတိယ အသီးသီးရရှိသွားပြီး ပွဲစဉ်တလျှောက် အကောင်းဆုံးသမားဆုကို ကရင်ပြည်နယ် ဖားအံမြို့၊ကော့ကူးကျေးရွာသားစောဂနိုင်စော၊ ရှေ့တန်း အကောင်းဆုံးသမားဆုကို ဖားအံမြို့ကော့ကူးကျေးရွာမှ စောဘူး(ခေါ်)စောညဏ်လင်း တို့ရရှိခဲ့သည်။

၁၆ ကြိမ်မြောက်မြန်မာအသင်း(ကိုရီးယား) ဖလားပြိုင်ပွဲသို ့ကရင်လူငယ်အသင်းအပါအဝင်အခြားသော ချင်း၊ ထားဝယ်၊ ရခိုင်၊ ပအိုဝ့် စသည့် ကိုရီးယားနိုင်ငံရောက် မြန်မာတိုင်းရင်းသားများဖြင့်ဖွဲ့စည်းထားသည့် အသင်းများလည်းပါ၀င်ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရသည်။

ပထမဆုရရှိသွားသည့် ကရင်လူငယ်အသင်းမှာဖလားအပါအဝင် ဆုကြေးငွေ ကိုရီးယားဝမ်၅သိန်း (ကျပ်၄ သိန်း ရ သောင်းခန့်)ကိုဆွတ်ခူးရရှိသွားသလို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ၁၄ ကြိမ်မြောက် မြန်မာအသင်း (ကိုရီးယား)ဖလားဘေလုံးပြိုင်ပွဲတွင်လည်း ကရင်လူငယ်အသင်းကဗိုလ်စွဲခဲ့ဖူးကြောင်းသိရသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...