ကချင်ဓမ္မဂီတပွဲတော် မြစ်ကြီးနား မနောကွင်းမှာ ပြုလုပ်မည်

ကချင်ဓမ္မဂီတပွဲတော် မြစ်ကြီးနား မနောကွင်းမှာ ပြုလုပ်မည်
by -
ကေအဲန်ဂျီ
ပထမဆုံးအကြိမ် ကချင်တေးဂီတ ပညာရှင်များအားလုံးပါဝင်သော ဘုရားသခင်၏ဂုဏ်တော် ချီးမွမ်းခြင်းဂီတပွဲတော်ကို ဇူလိုင် ၂၂-၂၃ မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း မဂျွယ်ခန်းမတွင်ပြုလုပ်ရန် ပြင်ဆင်နေကြသည်။

ဂုဏ်တော်ချီးမွမ်းခြင်း (Myusha Ni A Shakawn Hkungga) အစီစဉ်ကို ကချင်အနုပညာ အစည်းအရုံးတေးဂီတ ဆပ်ကော်မတီမှ ဦးစီးပြီး ဂီတလမ်းခရီး တလျှောက် နှစ်ပေါင်းကြာမြင့်ခဲ့ပြီ ဖြစ်သော ဝါရင့်အဆိုရှင်များ နှင့် လက်ရှိတက်သစ်စ အဆိုရှင်များ အားလုံးစုစုပေါင်း ၆၃ ဦးခန့် ပါဝင်ချီးမွမ်းသွားမည် ဖြစ်သည်။

ချီးမွမ်းခြင်း တေးဂီတပွဲတော် စီစဉ်ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီးပွဲ ဖြစ်မြောက်ရေးကော်မတီ ဦးဆောင်ဆရာ Kru Zeng က ယခုလိုပြောသည်။

“ကျနော်တို့လူမျိုးတွေ အခုဒုက္ခဆင်းရဲခံနေရတဲ့အချိန် ဖြစ်ပေမယ့် ဘုရားသခင်ကို အမြဲတမ်းချီးမွမ်းဖို့မှာ ထားတဲ့အတိုင်း ချီးမွမ်းကြမှာ ဖြစ်တယ်။ ကချင်တေးဂီတ ပညာရှင်များအားလုံး စုပေါင်းပြီး ဘုရားကို ချီးမွမ်းချင်လို့လည်း ပါတယ်။ ကျနော်တို့ သမိုင်းမှာ ဒီလို တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ ဒါက ပထမဆုံး အကြိမ် ဖြစ်တယ်။ နောက်ဆုံး အနေနဲ့က ကျနော်တို့ အခုလို သီချင်းသီဆို တီးခတ်နိုင်တယ် ဆိုတာ ကိုယ့်အစွမ်းနဲ့ မဟုတ်ဘူး။ ဘုရားပေးတဲ့ အစွမ်းကြောင့်သာ ဖြစ်တယ်ဆိုတာကိုလည်း ပြသချင်လို့ဖြစ်ပါတယ်”

ကချင်မျိုးနွယ်စု ဂျိန်းဖော့၊ လချိပ်၊ လောင်ဝေါ်၊ လီဆူ၊ ရဝမ်၊ ဇိုင်ဝါး အဆိုရှင်များက မိမိတို့ အသီးသီးဘာသာစကားများဖြင့် ချီးမွမ်းကြမည်ဟု သိရသည်။

အစီစဉ်ကိုစနေည ၆ နာရီမှ စတင်မှာဖြစ်ပြီး တစ်ဦးကိုမှတ်ပုံတင် ကြေးကျပ် ၁၀၀၀ ကောက်ခံရန် စီစဉ် ထားပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...