ကချင်တိုက်ပွဲ ၆ နှစ်ပြည့် ဆုတောင်းပွဲ ဦးဆောင်သူ ၃ ဦး ငွေဒဏ် ချမှတ် ခံရ

ကချင်တိုက်ပွဲ ၆ နှစ်ပြည့် ဆုတောင်းပွဲ ဦးဆောင်သူ ၃ ဦး ငွေဒဏ် ချမှတ် ခံရ
by -
ကေအဲန်ဂျီ
ကချင်တိုက်ပွဲ ၆ နှစ်ပြည့် လူထု ဆုတောင်းပွဲ အစီစဉ် ကျင်းပရာ မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းကြီး သို့ ခွင့်ပြုချက် မတောင်းခံဘဲ လမ်းလျှောက် ချီတက်လာခြင်းကြောင့် ဆုတောင်းပွဲ ဦးဆောင်သူ ၃ ဦးကို အစိုးရက ငွေဒဏ် ၃ သောင်းစီ ဇွန် ၁၃ ရက်နေ့က အသီးသီး ချမှတ်ခဲ့သည်။

ဇွန်လ ၉ ရက်နေ့ အစီစဉ် ဦးဆောင်ခဲ့သည့် WMR ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ ဥက္ကဌ Slg. Hkun Seng၊ အတွင်းရေးမှူး Slg. Labang Gam Awng နှင့် Mungshawa Zinlum Hpung-Myitkyina ကချင်လူထုအစည်းအရုံး မြစ်ကြီးနား တာဝန်ခံ Slg. Zau Jat တို့ကို စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆို စီရင်ခဲ့ခြင်းဖြစ်သည်။

ဆုတောင်းပွဲခြင်းသာ ဖြစ်သောကြောင့် အစီစဉ် အားလုံးအတွက် အစိုးရထံ ခွင့်ပြုချက် မယူဖြစ်ခဲ့ကြောင်း အစီစဉ် ဦးဆောင်သူ Slg. Zau Jat က ဆိုသည်။

“ကျနော်တို့က ဒီလို ဆုတောင်းပွဲလေး လုပ်တာကို အစိုးရဆီက ခွင့်ပြုချက် မလိုဘူးလို့ ခံယူတယ်။ ဆန္ဒပြပွဲ ဆိုရင်တော့ မြို့နယ်အုပ်ချုပ်ရေးမှုးထံ တရားဝင် စာ တင် ခွင့်တောင်း တယ်။ စစ်ရှောင်စခန်းမှာ တစ်ရက် နေရတဲ့ ခံစားချက် အစိုးရတာဝန်ရှိသူတွေ သိနိုင် မလား။ ဆိုတော့ အခုက ပြည်သူတွေ ၆ နှစ် လုံးလုံး ခံစားခဲ့ရတဲ့အတွက် သူတို့ ခံစားချက်တွေကို ပိုစတာကိုင်ပြီး မနောကွင်းကို သူတို့ အစီစဉ်နဲ့ လမ်းလျှောက် တက်လာတာ။”

အစီစဉ်သို့ လမ်းလျှောက် ချီတက်လာသော စစ်ရှောင်များက “မြန်မာတပ်မတော် အလိုမရှိ၊ ထိုးစစ် အလိုမရှိ၊ တိုင်းပြည်တွင်း ကျူးကျော်စစ် အလိုမရှိ” အစရှိသော ပိုစတာများ ကိုင်ဆောင်ခဲ့ကြသည်။

စီတာပူ မနောကွင်းကြီးမှာ မြစ်ကြီးနား၊ ဝို်င်းမော်မြို့ စစ်ပြေးဒုက္ခသည် စခန်းများမှ ပြည်သူ ၈ ထောင်ကျော် ခန့်ပါဝင်ပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...