တောင်ယာခင်း မှာ ဗုံးပေါက်ကွဲမှုကြောင့် ၁ ဦးသေ၊ ၂ ဦးထိခိုက် ဒဏ်ရာရ

တောင်ယာခင်း မှာ ဗုံးပေါက်ကွဲမှုကြောင့် ၁ ဦးသေ၊ ၂ ဦးထိခိုက် ဒဏ်ရာရ
by -
ကေအဲန်ဂျီ
မန်စီ မြို့ မြေပုံ
မန်စီ မြို့ မြေပုံ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ မြန်မာစစ်တပ်စခန်း အနီး တောင်ယာအခင်း တစ်ခုတွင် ထောင်ထားသည့် မိုင်း ဧပြီ ၁၉ ရက် ညနေ ပေါက်ကွဲခဲ့မှုကြောင့် အလုပ်လုပ်နေသော မိသားစုဝင်များမှ ကလေး ၁ ဦးသေဆုံး ပြီး အခြား ၂ ဦး ထိခိုက် ဒဏ်ရာ ရ ခဲ့သည်။ဗုံးပေါက်ကွဲ ခံရသူများမှာ ပြင်ဦးလွင် ရပ်ကွက်မှ ဦးဝဖိုင်ဘရန်နန် (Slg. Wahpai Brang Nan) ၏ ဇနီး ဒေါ်အလေးမီး နှင့် သမီး ၃ ယောက် တို့ဖြစ်သည်။ အသက် ၉ နှစ်အရွယ် သမီး ထုတောင် (Htu Tawng) ဗုံးပေါက်သည့် နေရာတွင် သေဆုံးခဲ့ပြီး သမီး ဂျီးပန် (Ji Pan) ၁၆ နှစ် နှင့် သမီး ဆိုင်းပန် (Seng Pan) ၂၂ နှစ်တို့မှာ ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကို ဗုံးပေါက်ခံရသည့် မိသားစု၏ ဆွေမျိုးဖြစ်သူ ဦးလဒွဲ (Slg. La Doi) က ကချင်သတင်းဌာန KNG ကို ယခုလို ပြောသည်။

“အခုဖြစ်တဲ့ နေရာက ရွာနဲ့ နီးနီးလေးမှာပါ။ ညနေ ၄ ခွဲလောက်မှာ တောင်ယာအခင်းသွားတာ။ တောင်ယာနဲ့ မြန်မာ စစ်တပ်က ကပ်ကပ်လေးဘဲ ။ သူတို့ အဲဒီ အခင်းမှာ အလုပ်လုပ်နေရင်း ဗုံးပေါက်ကွဲလာတာ။ အမေက အပေါ်ဘက် အလုပ်လုပ်နေတာ။ သမီး ၃ ယောက်က အောက်နားမှာ လုပ်နေတာ”

တောင်ယာ မီးရှို့အပြီး ဟင်းသီးဟင်းရွက် စိုက်ဖို့ ရှင်းလင်းရေးလုပ်နေသည့် ၄ ရက်မြောက်နေ့ ညနေမှာ ယခုလို ဗုံးပေါက်ကွဲ ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူ သမီး ထုတောင် တတိယတန်း ဖြေဆိုထားပြီး၊ ဒဏ်ရာရသူ သမီး ဂျီးပန် ဒသမတန်း ဖြေဆိုထားကာ အကြီးဆုံး သမီး ဆိုင်းပန် စစ်ကိုင်းပညာရေး ကောလိပ် နောက်ဆုံးနှစ် တက်ရောက်နေသူ ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဒဏ်ရရှိသူ ၂ ဦးအနက် ၁ ဦး အခြေအနေ ပြင်းထန်သေးကြောင်း အဆိုပါ ဆွေမျိုးတော်စပ်သူ ဦးလဒွဲက ဆက်ဆိုသည်။

“သမီးအကြီးဆုံးကတော့ နည်းနည်း သက်သာလာပြီ။ အလတ် မဂျီးပန် ကတော့ ဒဏ်ရာ ပြင်းထန်သေးတယ်။ သူက လက်၊ ပေါင်၊ ခါး နေရာ ၃ ခုမှာ ထိတယ်။ ခါး ဒဏ်ရာမှာတော့ ကျောက်ကပ်နဲ့ အသည်း ထိတယ်ဆိုလို့ ခွဲထုတ် တာမျိုးမလုပ်သေးဘူး။ အခြအနေ ဆိုးသေးတယ်။”

သေဆုံးသူ သမီး ထုတောင် ၏ စျာပနအခမ်းအနားကို ဧပြီ ၂၀ ရက်နေ့ တွင် ပြုလုပ်ခဲ့သည်။ သမီး ၃ ဦး၏ အဖြစ်ကြောင့် မိဘ နှစ်ပါး ဖြစ်သူ ဦးဝဖိုင် ဘရန်နန် နှင့် ဒေါ် အလေးမီး တို့ မှာ စိတ်ထိခိုက်မှုဖြစ်ကာ မကြာခဏ မူးလဲ မေ့လျှော မှု ဖြစ်နေသည်ဟု သူက ဆက်ပြောပြသည်။

ဗုံးပေါက်ကွဲသည့် နေရာသည် အစိုးရတပ် ခမရ ၃၁၉ တပ်ရင်းနှင့် မီတာ ၁၀၀ ခန့်အကွာသာ ရှိကြောင်း သိရသည်။

ဖြစ်စဉ် နောက် တစ်ရက် နံနက်် မံစီ ရဲစခန်းက တာဝန်ရှိသူများ အမှုကျေအေးပေးရန် လာရောက်ပြောဆိုသည့် အတွက် မိသားစုဝင်များလည်း ကြောက်ရွ့ံခြင်းကြောင့် လက်မှတ်ထိုးပေးလိုက်ကြောင်း ဦး လဒွဲက ပြောသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...