ဘိန်းခင်း ဖျက်ဆီးမည့် အစီစဉ် နှင့် ပတ်သက်ပြီး ဘိန်းခင်း ရှိရာနယ်မြေ အချက်အလက်များ စိစစ် အပြီး အချိန်မှီ ပြုလုပ်သွားမှာ ဖြစ်ကြောင်း မြစ်ကြီးနား ဒေသ လူထု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ PJS အတွင်းရေးမူး ဆရာ တန်ဂွန်း က ယခုလိုပြောသည်။
“အရင် ဘိန်းခင်း ဖျက်ဆီးရတဲ့ နေရာတွေမှာ အခု (Survey) အချက်အလက် ကောက်နေတယ်။ အဲဒီအချက်အလက်တွေ ရပြီဆိုရင် အချိန်မှီ ပြုလုပ်သွားမှာဖြစ်တယ်။ ဘယ်အချိန်လဲ ပြောရမယ်ဆိုရင်တော့ ဘိန်းခင်း ရာသီအတွင်းမှာဘဲ အချိန်မှီ ဖျက်ဆီးသွားမှာပါ”
ကချင် နှင့် ရှမ်းမြောက်ဒေသ တိုက်ပွဲ ဖြစ်နေသော်လည်း မူးယစ် တိုက်ဖျက်ရေး လုပ်ငန်းကို ဆက်လက် ပြုလုပ်သွားမှာဖြစ်တဲ့အတွက် ပြည်သူအားလုံး ပါဝင်ဖို့ ကချင် လူထု မူးယစ်တိုက်ဖျက်ရေး PJS ဗဟိုကော်မတီ ၏ ဇန်နဝါရီ ၁၄ ရက် ထုတ်ပြန်ချက်မှာ ပြောထားသည်။
ယမန်နှစ် ဖေဖော်ဝါရီလ ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ်အဖွဲ့ ဦးဆောင်သော ကန်ပိုင်တီဒေသကို PJS အဖွဲ့များ ဝင်ရောက်လာချိန် ဘိန်းခင်းပိုင်ရှင်များနှင့် ပဠိပက္ခ ဖြစ်ပွားခဲ့ပြီးလည်း ဖြစ်သည်။







