ဒီနှစ် ဘိန်းခင်း ဖျက်ဆီးရေးပြန်စရန် PJS ပြော

ဒီနှစ် ဘိန်းခင်း ဖျက်ဆီးရေးပြန်စရန် PJS ပြော
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် ဘိန်းခင်း တိုက်ဖျက်ရေး အစီစဉ် ဒီနှစ် အတွက် မကြာခင် ဘိန်းခင်းရာသီ မကုန်ခင် ပြုလုပ်သွားမည်ဖြစ်ကြောင်း Pat Jasan ကချင်လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ က ပြောသည်။

ဘိန်းခင်း ဖျက်ဆီးမည့် အစီစဉ် နှင့် ပတ်သက်ပြီး ဘိန်းခင်း ရှိရာနယ်မြေ အချက်အလက်များ စိစစ် အပြီး အချိန်မှီ ပြုလုပ်သွားမှာ ဖြစ်ကြောင်း မြစ်ကြီးနား ဒေသ လူထု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ PJS အတွင်းရေးမူး ဆရာ တန်ဂွန်း က ယခုလိုပြောသည်။

“အရင် ဘိန်းခင်း ဖျက်ဆီးရတဲ့ နေရာတွေမှာ အခု (Survey) အချက်အလက် ကောက်နေတယ်။ အဲဒီအချက်အလက်တွေ ရပြီဆိုရင် အချိန်မှီ ပြုလုပ်သွားမှာဖြစ်တယ်။ ဘယ်အချိန်လဲ ပြောရမယ်ဆိုရင်တော့ ဘိန်းခင်း ရာသီအတွင်းမှာဘဲ အချိန်မှီ ဖျက်ဆီးသွားမှာပါ”

ကချင် နှင့် ရှမ်းမြောက်ဒေသ တိုက်ပွဲ ဖြစ်နေသော်လည်း မူးယစ် တိုက်ဖျက်ရေး လုပ်ငန်းကို ဆက်လက် ပြုလုပ်သွားမှာဖြစ်တဲ့အတွက် ပြည်သူအားလုံး ပါဝင်ဖို့ ကချင် လူထု မူးယစ်တိုက်ဖျက်ရေး PJS ဗဟိုကော်မတီ ၏ ဇန်နဝါရီ ၁၄ ရက် ထုတ်ပြန်ချက်မှာ ပြောထားသည်။

ယမန်နှစ် ဖေဖော်ဝါရီလ ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ်အဖွဲ့ ဦးဆောင်သော ကန်ပိုင်တီဒေသကို PJS အဖွဲ့များ ဝင်ရောက်လာချိန် ဘိန်းခင်းပိုင်ရှင်များနှင့် ပဠိပက္ခ ဖြစ်ပွားခဲ့ပြီးလည်း ဖြစ်သည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...