Gidon နား KIA စခန်းကို အစိုးရတပ် လေကြောင်းမှ တိုက်ခိုက်

Gidon နား KIA စခန်းကို အစိုးရတပ် လေကြောင်းမှ တိုက်ခိုက်
by -
ကေအဲန်ဂျီ
ဆုုတ်ခွာ ပေးလိုက်ရသော ကချင် လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ်နယ်မြေ Gidon စခန်းနှင့် နီးသော တပ်ရင်း ၃ Lai Hpawng စခန်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာစစ်တပ် က တိုက်လေယာဉ်များ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းမှ Lai Hpawng စခန်းကို အစိုးရတပ် က လက်နက်ကြီး နှင့် စတင် ပစ်ခတ်ခဲ့ပြီး ဂျက်တိုက်လေယာဉ် ၂ စီး ဖြင့်လည်း လေကြောင်းမှ အနည်းဆုံး ၆ ကြိမ် ခန့် တိုက်ခိုက်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းများ အရသိရသည်။

၎င်း စခန်းကို ယနေ့ ညနေ ၄ နာရီခန့်မှ အစိုးရတပ်က မြေပြင် တပ်များ အသုံးပြုပြီး တိုက်ခိုက်နေပြီ ဖြစ်ကြောင်း ထပ်မံ သိရပါသည်။

KIA တပ်ရင်း ၃ Lai Hpawng စခန်းသည် ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းအရှေ့ဘက်တွင်ရှိပြီး ဒီဇင်ဘာ ၁၆ ရက်နေ့က မြန်မာစစ်တပ် သိမ်းပိုက်လိုက်သည့် KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း ၂၅၂ ၏ Gidon အမာခံ စခန်းနှင့် ကပ်လျှက် တည်ရှိနေသည့် စခန်းလည်းဖြစ်သည်။

အစိုးရတပ်မှ Gidon နှင့် Lai Hpawng စခန်းများကို လွန်ခဲ့သည့် သြဂုတ်လမှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၆ နေ့တွင် အင်အား အလုံးအရင်း နှင့် Gidon စခန်းကို သိမ်းပိုက်ခဲ့ကြသည်။

ကချင်ပြည်နယ် နှင့် ရှမ်းမြောက် ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA နယ်မြေမှာ နေ့စဉ် လိုလို တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...