၂၁ ရာစုပင်လုံ ညီလာခံကျင်းပရန် နှစ်ရက် အလို အစိုးရတပ်မှ KIA တပ်ရင်း ၉ ကို တိုက်ခိုက်

၂၁ ရာစုပင်လုံ ညီလာခံကျင်းပရန် နှစ်ရက် အလို အစိုးရတပ်မှ KIA တပ်ရင်း ၉ ကို တိုက်ခိုက်
by -
ကေအဲန်ဂျီ
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရန် နှစ်ရက် အလို ရှမ်းပြည်နယ်မြောက်ပိုင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၉ စခန်း ကို အစိုးရတပ်များကဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

KIA တပ်မဟာ ၄ အောက် တပ်ရင်း ၉ နယ်မြေ ဖြစ်သည့် ရှမ်းမြောက် နားဖိုင် (Na Hpai) အရှေ့ဘက် ဟူလောင်း (Hu Long) တောင်ကို အစိုးရ တပ်မ ၉၉ မှ စစ်ကြောင်း ၂ ကြောင်း ခွဲပြီး တိုက်ခိုက်လာသည်ဟု KIA သတင်းများအရသိရပါသည်။

ယခု နေရာတွင် ယမန်နေ့ကလည်း နှစ်ဖက်တပ်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ကချင် လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီးနော်ဘူ ကလည်း “မနေ့က ဖြစ်ခဲ့တဲ့ နေရာမှာပဲ အစိုးရ တပ်မတော် ဘက်က ပြန်လာတဲ့အတွက် တိုက်ပွဲဖြစ်တယ်” ဟု အတည်ပြု ပြောခဲ့ပါသည်။

KIO အနေဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အစီစဉ်အောက် အစိုးရ ဦးဆောင်ပြုလုပ်သည့် ‘ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ’ ကို တက်ရောက်ရန် KIO ခေါင်းဆောင်အချို့ နေပြည်တော် ခရီးစဉ် အစပြုနေချိန်လည်းဖြစ်သည်။

အစိုးရတပ်၏ ထိုးစစ်ဆင်မှုမှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆက်လက်ရှိ နေဆဲဖြစ်ပြီး ယမန်နေ့ သြဂုတ် ၂၈ တွင်လည်း ရှမ်းပြည်တပ်မတော် SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် လုံခြုံရေး တပ်စခန်း နှင့် KIA တပ်ရင်း ၉ စခန်းတို့ကို တိုက်ခိုက်ခဲ့ပါသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...