KIO ကို NCA လက်မှတ် ထိုးရန် ကချင်ပြည်နယ် တိုင်းမှူး ဖိအား ပေး

KIO ကို NCA လက်မှတ် ထိုးရန် ကချင်ပြည်နယ် တိုင်းမှူး ဖိအား ပေး
by -
ကေအဲန်ဂျီ
မြန်မာစစ်တပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး က ယမန်နေ့ မြစ်ကြီးနားမြို့ ကချင် ဓမ္မတက္ကသိုလ် KTCS သို့ အလည်အပတ် ရောက်လာစဉ် ကချင် လွတ်လပ်ရေး အဖွဲ့ KIO မှ NCA ငြိမ်းချမ်းရေး စာချုပ် ကို လက်မှတ် ထိုးရန် ဖိအားပေး ပြောကြားခဲ့သည်။

ကြာသပတေးနေ့ နောင်နန်း KTCS ဆရာများ၊ ကျောင်းသားများ ကို ‘KIO မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် လက်မှတ်ထိုးရင် တိုက်ပွဲတွေ ရပ်သွားမှာ ဖြစ်တယ်’ ဟု မပခ တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေ က ပြောကြောင်း တွေ့ဆုံမှုတွင် ပါ၀င်သူများ ဆိုသည်။

ဆက်လက်ပြီး လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ရာခိုင်နှုန်းပါ၀င်ရခြင်း အကျိုးအကြောင်းကိုလည်း တိုင်းမှူးက ရှင်းပြခဲ့သည်။

တိုင်းမှူးက “ယခင် ပါလီမန် အစိုးရခေတ်က လွှတ်တော်မှာ စစ်တပ် မပါ၀င်လို့ ကချင်ပြည်နယ်မှ Hpimaw၊ Galam၊ Kangfang နယ်တွေကို ပေးလိုက် ရတာမျိုး ဖြစ်ခဲ့တယ်။ အဲ့ဒါကြောင့် လွှတ်တော်မှာ ၂၅ရာခိုင်နှုန်း ပါ၀င် ရပါတယ်” ဟု အကြောင်းပြချက် ပေးခဲ့သည်။

နိုင်ငံအတွင်း ‘မည်သည့် ဘာသာနှင့်မဆို ငြိမ်းချမ်းစွာ နေထိုင်ခြင်းကို လိုလားကြောင်း’ ကချင် ဓမ္မတက္ကသိုလ် (Kachin Theological College and Seminary KTCS) နှင့် တွေ့ဆုံမှု တွင် တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေ က ပြောခဲ့သည်။

တိုင်းမှူးက ကချင် စီးပွားရေး လုပ်ငန်းရှင် Kareng La San နှင့် အတူ ရောက်လာခြင်း ဖြစ်ပြီး ကျောင်းအတွက်ကို အလှူငွေ ကျပ် ၁၀၅၀၀၀၀ ကို ပေးခဲ့သည်ဟု ကျောင်း က ဆိုပါသည်။ အမှန်က ယင်း အလှူငွေ လက်ဆောင်ကို လုပ်ငန်းရှင် Kareng La San မှ ထုတ်ပေးခြင်း ဖြစ်သည်ဟု ကချင် သတင်း ဌာန KNG မှ စုံစမ်း သိရသည်။

၂၀၁၁ ကချင်ဒေသ တိုက်ပွဲ တကျော့ပြန် ဖြစ်ပွားလာပြီးနောက် ‘ယခင် နိုင်ငံတော် အကြီးအကဲများလည်း မြစ်ကြီးနားမြို့ ကချင် ခရစ်ယာန် အသင်းတော် ဂိုဏ်းပေါင်းစုံ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး KIO မှ ငြိမ်းချမ်းရေး လက်မှတ်ထိုးရန်’ ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...