ရဟတ်ယာဉ် ၂ စီး အကူညီဖြင့် အစိုးရတပ်များ KIA ကို တိုက်ခိုက်

ရဟတ်ယာဉ် ၂ စီး အကူညီဖြင့် အစိုးရတပ်များ KIA ကို တိုက်ခိုက်
by -
ကေအဲန်ဂျီ
မြစ်ကြီးနား-ဗန်းမော် လမ်း Nhkram Bum မှာ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား ယနေ့ နံနက်ပိုင်းမှ မြေပြင်တိုက်ပွဲများ ပြင်းထန်လာချိန်တွင်အစိုးရဘက်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး အသုံးပြုကာ လေကြောင်းကပါစစ်ဆင် တိုက်ခိုက် နေကြောင်း သတင်းရရှိသည်။

Nhkram Bum တောင်ရှိ KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း ၂၅၂ စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် တပ်မတော် စစ်ကြောင်းများကို KIA ဘက်မှ ခုခံတိုက်ခိုက်စဉ် အစိုးရဘက် အကျအဆုံး များလာခြင်းကြောင့် နေ့လည်ပိုင်းတွင် ရုရှားလုပ် Mi-35 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး လာရောက် ပစ်ကူပေးကြောင်း KIA ရှေ့တန်း သတင်းများ ဆိုပါသည်။

တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Nhkram Bum တောင်သည် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမ အရှေ့ဘက်မှာရှိပြီး ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် နယ်မြေ Hpalap Bum တောင် KIA တပ်ရှားတပ်ဖွဲ့ ဌာနချုပ်၏ အနောက်ဘက် ၅ မိုင် အတွင်းမှာ တည်ရှိသည်။

အစိုးရတပ်က KIO ဗဟိုဌာနချုပ်ကို ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် KIA လှုပ်ရှားတပ်ဖွဲ့၏ Nhkram Bum တောင်နှင့် ၎င်းအနီး Kagam Bum တောင် စခန်းများကို သိမ်းပိုက်ရန် စစ်အင်အား အများအပြားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကို ပြီးခဲ့အပတ်မှ စတင်ပြုလုပ် လာခြင်းဖြစ်သည်။

KIO ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးပြီး အစိုးရ၏ ၂၁ ရာစု ပင်လုံညီလာခံ တက်ရန် ယခင် စစ်အစိုးရ အဆက်ဆက် နည်းတူ ‘စစ်ရေး အရ ဖိအားပေးခြင်း’ သည် မည်သည့် အကျိုးမှ မရှိကြောင်း KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူ ပြောပါသည်။ နိုင်ငံရေးအရ ဖြစ်သည့် ပြဿနာကို စစ်ရေးနည်းအရ မဟုတ်ဘဲ ဆွေးနွေး ဖြေရှင်း ရမည်ဟု သူက ဆိုသည်။

တပ်မတော်နှင့် KIA ကြား နေ့စဉ် တိုက်ပွဲများသည် ကချင်ပြည်နယ် အနောက်ဘက် လီဒိုလမ်းနှင့် ဖားကန့်လမ်း ဘက်မှာ ဖြစ်ပွားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကွတ်ခိုင်-မူဆယ် တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှာ ဖြစ်ပွားနေပါသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...