လီဒို လမ်းမပေါ်ရှိ ဒွမ်ဘုန်း တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၁ တိုက်ပွဲ ဖြစ်

လီဒို လမ်းမပေါ်ရှိ ဒွမ်ဘုန်း တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၁ တိုက်ပွဲ ဖြစ်
by -
ကေအဲန်ဂျီ
လီဒို လမ်းမကြီးပေါ်ရှိ နမ္မတီး (Namti) အထက် ဒွမ်းဘုန်း (Dum Bung) ကျေးရွာအနီးတွင် အစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ တို့ကြား သြဂုတ်လ ၂၁ရက်က တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

နံနက်မိုင်း မိနစ် ၂၀ ခန့် အချိန်တို တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ပြောပါသည်။

သြဂုတ်လ ၂၁ရက် မနက်မှာပင် လီဒိုလမ်းမ အတိုင်း တနိုင်းကို ဆင်းလာတဲ့ အစိုးရစစ်ကြောင်းကို လွယ်လီမြစ် (Loili Hka) နှင့် တိန်ရတ်မြစ် (Ting Rat Hka) ကြားတွင် KIA တပ်ရင်း ၂၀ တပ်ဖွဲ့များက မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရှိရပါသည်။

ယင်း နှစ်နေရာ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက် ကျဆုံးမှု မသိရသေးပါ။

ထို့အပြင် Kachin Sub-State ရှမ်းပြည်နယ်မြောက်ပိုင်း တွင်လည်း အစိုးရတပ်၏ အင်အားတိုးချဲ့ မှု များပြားလာသည့်အတွက် KIA တပ်ရင်း ၉ နှင့် ဘန်လုန်ဘွမ် (Bang Lung Bum) နှင့် ကောင်းမူ (Kong Mu) ကြား တောင်တွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

နှစ်ဖက် ထိခို်က် ကျဆုံးမှု အခြေအနေမျာကို  လက်စုံစမ်းတင်ပြသွားပါမည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...