မိုင်ဂျာယန် ညီလာခံ တတိယနေ့ ရှမ်းမြောက်ပိုင်းတွင် အစိုးရတပ်နှင့် KIA တိုက်ပွဲဖြစ်

မိုင်ဂျာယန် ညီလာခံ တတိယနေ့ ရှမ်းမြောက်ပိုင်းတွင် အစိုးရတပ်နှင့် KIA တိုက်ပွဲဖြစ်
by -
ကေအဲန်ဂျီ
ရှမ်းပြည်နယ်မြောက်ပိုင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၂ နယ်မြေတွင် အစိုးရတပ်နှင့် KIA တပ်ဖွဲ့ ဇူလိုင်လ ၂၈ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA တပ်ရင်း ၂ သည် ကွတ်ခိုင်မြို့ အရှေ့ဘက်နှင့် သံလွင်မြစ် ကြားတွင် တည်ရှိပြီး၊ တပ်မဟာ ၆ နယ်မြေတွင်း လှည့်လည်ရေးသွားလာနေသည့် KIA တပ်မဟာ ၆ တပ်ဖွဲ့များနှင့် အစိုးရတပ် ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ ကလည်း ယနေ့ တိုက်ပွဲ နှင့်ပတ်သက်ပြီး ကချင်သတင်းဌာန KNG ကို ယခုလို ပြောသည်။

“KIA တပ်ရင်း ၂ ဟူဘုန်မှာ တိုက်ပွဲ ဖြစ်နေတယ်။ နေ့လည် ၁၂ နာရီ ၄၅ မိနစ်မှာ တစ်ကြိမ် ပြီးတော့ အခု ညနေပိုင်းမှာလည်း ဆက်ဖြစ်နေပြီလို့ ပြောလာတယ်။ အစိုးရတပ်ဘက်ကတော့ စကခ (၁၀)အောက်တပ်တွေ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

တာမိုးညဲ အစိုးရတပ်ဘက် မှလည်း KIA တပ်များ ရှိရာဘက်ကို လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း ဒုဗိုလ်မှုးကြီးက ဆက်ပြောသည်။

အဆိုပါ တပ်ရင်း ၂ တွင် တိုက်ပွဲ မဖြစ်ခင် နာရီပိုင်းက KIA တပ်မဟာ ၆ တပ်ရင်း ၃၈ နယ်မြေတွင်း အစိုးရ ဂျက်တိုက်လေယာဉ် တစ်စီး လာရောက် ပျံသန်းမှု ရှိခဲ့ကြောင်း ယင်းဒေသခံ တစ်ဦးက ပြောပါသည်။

ဇူလိုင် ၂၆ ရက်နေ့တွင်လည်း လွန်ခဲ့သည့် ၂ ပတ်ကျော်က KIA တပ်မဟာ ၆ တွင်း ရောက်ရှိနေသည့် ကိုးကန့် တပ်ဖွဲ့အင်အား ၃၀၀ ကျော်ကို အစိုးရတပ်က ဝိုင်းရံထားသည်ဟု အဆိုပါဒေသရှိ ပြည်သူများထံမှ စုံစမ်းသိရှိထားသည်။

ယခုုလို တိုက်ပွဲဖြစ်နေချိန် တစ်ဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးကို မိုင်ဂျာယန်မြို့တွင် တတိယနေ့အဖြစ် ကျင်းပနေချိန်နှင့်တိုက်ဆိုင်နေခြင်းပင်ဖြစ်သည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...