ကချင်ပြည်နယ် တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် (၄) မြို့နယ်တွင် ရေကြီး

ကချင်ပြည်နယ် တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် (၄) မြို့နယ်တွင် ရေကြီး
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် အပတ်က မိုး အဆက်မပြတ် ရွာသွန်းမှုများကြောင့် မြစ်ရေချောင်းရေများတိုးလာပြီး မြစ်ကြီးနား၊ တနိုင်း၊ ဗန်းမော်နှင့် ဖားကန့် စသည့် မြို့နယ် ၄မြို့နယ်တွင် ရေ ကြီးနေကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ဧရာဝတီ မြစ်ရေသည် ဇူလိုင် (၂၄)၊ ယမန်နေ့ ညနေပိုင်းမှ မြို့အတွင်း အချို့ရပ်ကွက်များတွင် ရေတိုးဝင်လာကြောင်း၊ သို့သော်လည်း စိုးရိမ် ရေအမှတ်ထိ မရောက်သေးကြောင်း မြို့ခံများ ပြောပါသည်။

ဟူးကောင်းချိုင့်ဝှမ်း တနိုင်းမြို့နယ်တွင် တနိုင်းချောင်း ရေ မြင့်တက်လာခြင်းကြောင့် ဒေသခံများသည် ရေလွတ်သည့် နီးစပ်ရာအမြင့်ပိုင်းနေရာများသို့ ခိုလှုံနေရကြောင်း ဒေသခံများ ဆိုပါသည်။

တနိုင်းမြို့ အရှေ့ဘက်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂) ဌာနချုပ် အောင်လောဒ့် (Awng Lawt) ကျေးရွာ တွင် ဇူလိုင် ၂၂ နေ့က တနိုင်းချောင်း ရေကြီးလာခြင်းကြောင့် ရွာသားများ လုံခြံုရာသို့ ထွက်ပြေး ခိုလှုံနေရသည်အထိ ဖြစ်ခဲ့ကြောင်း KIA သတင်းများ ဆိုပါသည်။

မိုးရာသီတိုင်း မကြာခဏ ဥရုချောင်း ရေကြီးလျှက်ရှိသော ဖားကန့် ကျောက်စိမ်းမှော်တွင် ယမန်နေ့ ထပ်မံ ရေကြီး လာပါသည်။ ကချင်ပြည်နယ် တောင်ပိုင်း ဗန်းမော်မြို့တွင်လည်း ပြီးခဲ့သည့်အပတ်မှ ဧရာဝတီမြစ် ရေကြီး ရေလျှံမှု မကြာမကြာ ဖြစ်ပေါ် နေကြောင်း ဒေသခံများ ဆိုပါသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...