ဖားကန့်ဒေသရှိ ကျေးရွာအချို့မှ တူမီး သေနတ်များ အစိုးရ လိုက်လံသိမ်းယူ

ဖားကန့်ဒေသရှိ ကျေးရွာအချို့မှ တူမီး သေနတ်များ အစိုးရ လိုက်လံသိမ်းယူ
by -
ကေအဲန်ဂျီ
ဖားကန့် ကျောက်စိမ်းမှော်တွင် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေချိန် အစိုးရတပ် က ဖားကန့်လမ်းကြောင်းရှိ ကချင်ကျေးရွာအချို့မှ ရိုးရာယာဉ်ကျေးမှုအရကိုင်ဆောင်သည့် တူမီး သေနတ်များကို လိုက်လံသိမ်းယူနေကြောင်း ဒေသခံများပြောကြားသည်။

Dum Hpauပြီးခဲ့သော အပတ်က မိုးကောင်းနှင့် ကားမိုင်းကြား ကထန်ယန် (Kahtan Yang) ကျေးရွာ နှင့် လွယ်ဆိုင် (Loi Seng) ကျေးရွာ မှ တူမီး သေနတ်များကို အစိုးရစစ်သားများ အဓမ္မ နည်းလမ်းဖြင့် သိမ်းယူခြင်း ခဲ့ကြောင်း ရွာသားများ ဆိုပါသည်။

အစိုးရတပ် ခမရ ၄၂၇ မှ ဗိုလ်ကြီး နေလင်းအောင်နှင့် ဗိုလ်ကြီး ထွန်းထွန်း ဦးဆောင်သော စစ်ကြောင်းသည် အဆိုပါ ကျေးရွာ ၂ ခု မှ တူမီး သေနတ် ၂၂ လက်ကို ဇူလိုင် ၁၂ မှ ၁၅ ရက်ထိ သိမ်းယူခဲ့ကြောင်းကို ဇူလိုင် ၁၆ ကချင် လွတ်လပ်ရေး အဖွဲ့ KIO Kachinnet သတင်း မှာလည်း ဖော်ပြခဲ့သည်။

တပ်မတော်သားများက ရွာသားများကို ၎င်းတို့၏ တူမီး သေနတ်များ မအပ်နှံလျှင် ‘တရား ဥပဒေ အရ အရေး ယူမည်’ ဆိုပြီး ခြိမ်းခြောက် သိမ်းယူခဲ့သည်ဟု ရွာသားများ ဆက်ဆိုသည်။

တူမီး သည် ကချင် ရိုးရာ ယဉ်ကျေးမှု အရ အမွေအနှစ် ပစ္စည်း တခု ဖြစ်ခြင်း သာမက တောင်ယာနှင့် အမဲလိုက်ခြင်း လုပ်ငန်းများဖြင့် အဓိက အသက်မွေးသော ကချင် ရွာသားများ အတွက် မရှိမဖြစ်လိုအပ်သော အသက်မွေးဝမ်းကြောင်းပစ္စည်း တခုလည်း ဖြစ်ပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...