မံစီမြို့နယ် အတွင်း အစိုးရတပ်နှင့် KIA နေ့စဉ် တိုက်ပွဲ ဖြစ်ပွား

မံစီမြို့နယ် အတွင်း အစိုးရတပ်နှင့် KIA နေ့စဉ် တိုက်ပွဲ ဖြစ်ပွား
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် မံစီမြို့နယ်တွင် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား နေ့တိုင်း လိုလို တို်က်ပွဲများ ဖြစ်ပွား နေသည်။

KIA တပ်ရင်း (၁၂) နှင့် (၂၇) နယ်မြေ စပ်ကြား ကုန်းခါး (Kunghka Pa) တစ်ဝိုက်တွင်လည်း ယနေ့ မနက် ၉ နာရီခန့် က စပြီး မွန်းလွဲ ၁ နာရီ အထိ အစိုးရတပ် ခမရ (၃၁၉)၊ ခမရ (၅၂၁) တပ်ဖွဲ့တို့နှင့် KIA တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO/KIA လိုင်ဇာမှ တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ထို့အပြင် မံစီမြို့နယ်သို့ စစ်ကူအဖြစ် ချီတက်လာသော အစိုးရတပ်များ သည်လည်း ရှမ်းပြည်နယ်မြောက်ပို်င်း ကွတ်ခိုင် (Kutkai)၊ နမ့်ဖတ်ကာ (Nam Hpak Ka) နားထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများမှ သိရသည်။

မေလ ၁၅ ရက်မှ စတင် ပြန်လည်ဖြစ်ပွားခဲ့သော အစိုးရတပ်နှင့် KIA တပ်ရင်း (၁၂)၊ (၂၇) တို့ တိုက်ပွဲတွင် အစိုးရတပ် အင်အား ပိုမိုတိုးချဲ့ ဝင်လာသောကြောင့် တိုက်ပွဲ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားမည့် အခြေအနေ ရှိကြောင်း KIA ဒုဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ (၆) တပ်ရင်း (၃၈)နှင့် အစိုးရတပ်မ ၉၉ တို့ကြား မုန်းကိုး- ဖောင်းဆိုင်ကြား မန်ပင်းရွာ (Man Ping) တစ်ဝိုက်တွင်လည်း မေလ ၂၂ ရက်နေ့မှ စပြီး နေစဉ်လိုလို တိုက်ပွဲ များ ဖြစ်ပွားနေသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...