မံစီမြို့နယ် KIA တပ်ရင်း (၂၇) ကို အစိုးရ ရဟတ်ယာဉ်ဖြင့် ထပ်မံ တိုက်ခို်က်

မံစီမြို့နယ် KIA တပ်ရင်း (၂၇) ကို အစိုးရ ရဟတ်ယာဉ်ဖြင့် ထပ်မံ တိုက်ခို်က်
by -
ကေအဲန်ဂျီ
ယနေ့ တဖန် အစိုးရတပ် က ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၂၇) ကို ကချင်ပြည်နယ် တောင်ပိုင်း မံစီမြို့နယ် အတွင်း ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ကြောင်း သိရသည်။

မွန်းလွဲ ၃ နာရီခန့် ဗန်းမော်မှ ဟယ်လီကွပ်တာ (Helicopter Gunship) အမျိုးစား ရဟတ်ယာဉ် ၂ စီးဖြင့် KIA တပ်ရင်း (၂၇) ခူးဘွမ် (Hku Bung) နှင့် မဂျီဂုန် (Maji Gung) ဘက်တွင် လာရောက် ဗုံးကြဲ တိုက်ခြင်းဖြစ်သည်။

ကချင် လွတ်လပ်ရေး အဖွဲ့ KIO/KIA လိုင်ဇာမှ တာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က တော့ “Helicoper ၂ စီးနှင့် ဗုံး ကျဲတိုက်ပြီး ပြန်ခေါက်သွားတယ်၊ လူမရှိတဲ့ နေရာတွေမှာပဲ” ဟု ပြောသည်။

ယမန်နေ့ ကလည်း အစိုးရတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် KIA တပ်ရင်း (၂၇) အူလန်ပါ (Ulang Pa) နှင့် ခရှန် (Hka Shang) ဒေသကြား နေရာတွေမှာ ၂ ကြိမ် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသည်။

ယင်း ဗုံးကြဲ တိုက်ခို်က်မှုတွင် တရုတ် လူမျိုး ၁ ဦး ထိခိုက် ဒဏ်ရာ ရသွားကြောင်းလည်း ဒုဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

ယခုလို အစိုးရတပ်မှ KIA တပ်ရင်း (၂၇) ကို ယမန်နေ့ ကစပြီး ဗုံးကြဲတိုက်ခိုက်နေမှုမှာ အရပ်သား အစိုးရ တက်လာပြီး ပထမဆုံး အကြိမ်ဖြစ်သည်။

အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့၏ တိုက်ပွဲမှာ ဧပြီလဆန်းပိုင်းက စပြီး ယနေ့ထိ နေ့တိုင်းလိုလို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ တွေမှာ ဖြစ်ပွားနေသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...