ရန်ကုန် နှစ်ခြင်း လူငယ် ညီလာခံ သို့ ကချင်လူငယ်များ စစ်ဝတ်စုံဖြင့် တက်ရောက်

ရန်ကုန် နှစ်ခြင်း လူငယ် ညီလာခံ သို့ ကချင်လူငယ်များ စစ်ဝတ်စုံဖြင့် တက်ရောက်
by -
ကေအဲန်ဂျီ
ရန်ကုန်မြို့ (၈)ကြိမ်မြောက် မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် လူငယ် ဓမ္မညီလာခံ ကို မေလ ၃ ရက်နေ့ ညနေပိုင်း ဖွင့်ပွဲကျင်းပစဉ် ကချင်အမျိုးသား အလံနှင့်အတူ ကချင်အမျိုးသမီး လူငယ်အချို့ စစ်ဝတ်စုံဖြင့် တက်ရောက်ခဲ့ခြင်းပေါ် လူအများက အမျိုးမျိုး ထင်မြင်နေကြသည်။

ယခုလို ဝတ်ဆင်လာခြင်းသည် “လက်ရှိ ကချင်လူငယ်များ၏ ရင်ထဲ ကိန်းအောင်းနေသည့် အရာ ကို ထုတ်ဖော်ခြင်းသာဖြစ်တယ်၊ တခြားဘယ်အကြောင်းကြောင့်မှ မဟုတ်ဘူး” ဟု ညီလာခံကိုယ်တိုင် တက်ရောက်သူ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ သိက္ခာတော်ရ ဆရာလမာရော် (Rev. Lama Yaw) က ကချင်သတင်းဌာန KNG ကို ပြောသည်။

ထို့အပြင် KBC လူငယ် ၅၀၀ ကျော်လည်း ယခု ညီလာခံတွင် တက်ရောက်နေသည်။

မေ ၃ ရက်မှ ၆ ရက်ထိ ပြုလုပ်မည့် ယခု အဋ္ဌမ အကြိမ်မြောက် မြန်မာနိုင်ငံ လုံးဆိုင် နှစ်ခြင်း ခရစ်ယာန် လူငယ် ဓမ္မညီလာခံမှာ နိုင်ငံတဝှမ်း လူငယ် ၁၈၀၀ ကျော် ပါဝင်နေကြောင်း သိရသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...