ယင်းစေတီ သုံးဆူမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ကပ်ရပ်တည်ရှိသော ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့နယ် နီလာကျေးရွာအနီးတွင် တည်ရှိပြီး ရှေးဟောင်း အမွေအနှစ်များ ဖြစ်ကြသည်ဟု သတင်းတွင် ဖော်ပြသည်။
စေတီ သုံးဆူတွင် တစ်ဆူ အမြင့်မှာ ပေ ၂၀၊ နောက်တစ်ဆူမှာ ၂၅ နှင့် အကြီးဆုံး အဆူမှာ ၃၅ ပေ အမြင့်ရှိကြောင်း သိရသည်။
၎င်းစေတီအနီးရှိ အစိုးရ အထက်တန်းကျောင်းတည်ဆောက်ရာတွင် လိုအပ်သော မြေကို ယင်းတောင်ကို ဖြိုပြီး တူးဖော်ယူရာမှ စေတီတော်များမှာ ပျက်စီး ပျောက်ကွယ် သွားမည့် အနေအထားသို့ ရောက်ရှိနေကြောင်း ရခိုင်ဗုဒ္ဓဘာသာဝင်များက ပြောကြားသည်ဟု ဆိုသည်။
နတ်မြစ်ကမ်းခြေ အနောက်ဘက်တွင် ယခင်က ငန်းတော်ဓာတ် စေတီအပါအဝင် ရှေးဟောင်း စေတီအများအပြား တည်ရှိခဲ့သော်လည်း မသမာသူ ဘာသာမတူသူများ၏ လက်ချက်ဖြင့် အများအပြား ပြိုပျက်သွားခဲ့ရပြီး ယခု စေတီတော်သုံးဆူမှာ နောက်ဆုံး လက်ကျန်စေတီတော်များ ဖြစ်ကြသည်ဟု သိရသည်။







