တောင်ကိုဖြို၍ မြေတူးရာမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရှေးဟောင်း စေတီသုံးဆူ ပြိုပျက်မည့် အနေထားသို့ ရောက်ရှိနေ

တောင်ကိုဖြို၍ မြေတူးရာမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရှေးဟောင်း စေတီသုံးဆူ ပြိုပျက်မည့် အနေထားသို့ ရောက်ရှိနေ
by -
နိရဥ္စရာ
နှစ်ပေါင်း ၃၀၀ သက်တမ်းရှိ ရှေးဟောင်းစေတီသုံးဆူမှာ တောင်ကိုဖြိုပြီး မြေတူးရာမှ လုံးဝ ပြိုပျက်သွားမည့် အနေ အထားသို့ ရောက်ရှိနေကြောင်း ဘင်္ဂလာဒေ့ရှ်မှ နာမည်ကြီး သတင်းစာတစ်စောင် ဖြစ်သော ပြောထောင့်အာလောင် သတင်းစာတွင် သတင်း ဖော်ပြသည်။

ယင်းစေတီ သုံးဆူမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ကပ်ရပ်တည်ရှိသော ဘင်္ဂလာဒေ့ရှ်နိုင်ငံ  တက်ကနက်မြို့နယ်  နီလာကျေးရွာအနီးတွင် တည်ရှိပြီး ရှေးဟောင်း အမွေအနှစ်များ ဖြစ်ကြသည်ဟု သတင်းတွင် ဖော်ပြသည်။

စေတီ သုံးဆူတွင် တစ်ဆူ အမြင့်မှာ ပေ ၂၀၊ နောက်တစ်ဆူမှာ ၂၅  နှင့် အကြီးဆုံး အဆူမှာ ၃၅ ပေ အမြင့်ရှိကြောင်း သိရသည်။

၎င်းစေတီအနီးရှိ အစိုးရ အထက်တန်းကျောင်းတည်ဆောက်ရာတွင် လိုအပ်သော မြေကို ယင်းတောင်ကို ဖြိုပြီး တူးဖော်ယူရာမှ စေတီတော်များမှာ ပျက်စီး ပျောက်ကွယ် သွားမည့် အနေအထားသို့ ရောက်ရှိနေကြောင်း ရခိုင်ဗုဒ္ဓဘာသာဝင်များက ပြောကြားသည်ဟု ဆိုသည်။

နတ်မြစ်ကမ်းခြေ အနောက်ဘက်တွင်  ယခင်က ငန်းတော်ဓာတ် စေတီအပါအဝင် ရှေးဟောင်း စေတီအများအပြား တည်ရှိခဲ့သော်လည်း မသမာသူ ဘာသာမတူသူများ၏ လက်ချက်ဖြင့် အများအပြား ပြိုပျက်သွားခဲ့ရပြီး ယခု စေတီတော်သုံးဆူမှာ နောက်ဆုံး လက်ကျန်စေတီတော်များ ဖြစ်ကြသည်ဟု သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...