ထိုင်းနိုင်ငံတွင် ကားတိုက်ခံရ၍ သေဆုံးသည့် ရက္ခဘီလူးနှင့် နောက်ရခိုင်အမျိုးသားတစ်ဦးတို့အား သဂြိင်္ုလ် ပြီးစီး

ထိုင်းနိုင်ငံတွင် ကားတိုက်ခံရ၍ သေဆုံးသည့် ရက္ခဘီလူးနှင့် နောက်ရခိုင်အမျိုးသားတစ်ဦးတို့အား သဂြိင်္ုလ် ပြီးစီး
by -
နိရဥ္စရာ
ထိုင်းနိုင်ငံ စုန်ခလာခရိုင် ဟာတ်ယိုင်မြို့တွင် ကားတိုက်ခံရ၍ သေဆုံးခဲ့သည့် ရက္ခဘီလူး (ကိုခိုင်စိုး)နှင့် ကိုညီပုတို့ကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ဟာတ်ယိုင်မြို့နယ် ထုံးလုံရပ်ကွက်ရှိ ဘုန်းကြီးကျောင်းဝင်း သုဿာန်တွင် မီးသင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။

ကိုခိုင်စိုးသည် ရက္ခဘီလူး နာမည်ဖြင့် face book စာမျက်နှာတွင် လူသိများသူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ ဟာတ်ယိုင်မြို့တွင် ဇန်နဝါရီလ ၂၉ ရက်နေ့က ကားတိုက်ခံရရာမှ နောက်ထပ် အဖော်တစ်ဦးနှင့် အတူ သေဆုံးသွားခြင်း ဖြစ်သည်။ နောက် မြေပုံမြို့နယ် ကျောက်ငနွားကျေးရွာမှ တစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိကာ ယခုအချိန်ထိ ဟာတ်ယိုင် ဆေးရုံတွင် ဆေးကုသမှုကို ခံယူ နေရဆဲဖြစ်သည်ဟု သိရှိရသည်။

သေဆုံးသူ ရက္ခဘီလူး (ခ) ခိုင်စိုး(ခ) ကိုကိုနိုင် (၃၀ နှစ်) မှာ ရသေ့တောင်မြို့နယ် ရေစိုးချောင်း ကျေးရွာဖြစ်ပြီး  ကိုညီပု မြေပုံမြို့နယ် ကျောက်ငနွားကျေးရွာမှဖြစ်ကြောင်း ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်အသင်း ARKG မှ အတွင်းရေးမှူး ခိုင်အေလင်းက ပြောသည်။

12688047 1675517862665086 1118327503954920588 n

ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်အသင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုခိုင်စိုးသည် သူငယ်ချင်း တစ်ဦးကို လိုက်ပို့စဉ် ကားတိုက်ခံရခြင်းဖြစ်သည်ဟု သိရသည်။

“ခိုင်စိုးက သူ့သူငယ်ချင်းတစ်ယောက်ကို ဇန်နဝါရီလ ၂၉ ရက်နေ့ည ၁၀ နာရီလောက်က ဆိုင်ကယ်နဲ့ သွားလိုက်ပို့စဉ် ကားတိုက်ခံရပြီး သေဆုံးသွားတာပါ။ ဆိုင်ကယ်မောင်းတဲ့ ကိုညီပုကတော့ ဖြစ်တဲ့ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားပြီး၊ ခိုင်စိုး(ခ) ကိုကိုနိုင်ကတော့ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၄ နာရီလောက်မှာ ဆုံးသွားတယ်လို့ ဆရာဝန်ဆေးမှတ်တမ်းအရ သိရှိရပါတယ်”ဟု ခိုင်အေလင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

တိုက်သည့် ကားကို ယခု အချိန်ထိ သိရှိရခြင်းမရှိသေးဘဲ ထိုင်းရဲက လိုက်လံစုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။

သေဆုံးသူခိုင်စိုးတွင် ဇနီး ဇင်မာဌေးနှင့် ၂ နှစ်ကျော်သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...