စိတ်ကြွဆေးပြား ရ သိန်းကျော်နှင့် အတူ မြန်မာမှ လူအချို့ ဘင်္ဂလာဒေ့ရှ်တွင် ဖမ်းဆီးခံရ

စိတ်ကြွဆေးပြား ရ သိန်းကျော်နှင့် အတူ မြန်မာမှ လူအချို့ ဘင်္ဂလာဒေ့ရှ်တွင် ဖမ်းဆီးခံရ
by -
နိရဥ္စရာ
ဘင်္ဂလား မြန်မာနယ်စပ် ကော့စ်ဘာဇားမြို့အနီး ပင်လယ်ပြင်တွင် စိတ်ကြွဆေးပြား၇ သိန်းကျော်နှင့် အတူ မြန်မာနိုင်ငံသားဆိုသူ ၅ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။

သူတို့ ၅ ဦးကို သတင်းအရ လွန်ခဲ့သော ဖေဖေါ်ဝါရီလ ၂ ရက် အင်္ဂါနေ့  ညအချိန်က ပင်လယ်ပြင်တွင် စက်လှေ တစ်စီးနှင့်အ တူ စိတ်ကြွ ဆေးပြားများကို သယ်ဆောင်လာစဉ် အထူးမှုခင်းနှိမ်နှင်းရေး အမှတ် (၇) တပ်ဖွဲ့မှ ဖမ်းဆီးရ မိခြင်းဖြစ်သည်ဟု ဆိုသည်။

news imgဆေးပြားများနှင့်အတူ ဖမ်းဆီးခံရသည့်  မြန်မာနိုင်ငံမှ လာသူများမှာ မိုဟာမတ် ဇောဘေလ် (၄၂)နှစ်၊ မိုဟာမတ် အာရှေ့စ်အူလာဟ် (၁၉)နှစ်၊ ချင်းချူးအာလာမ် (၂၅)နှစ်၊ မိုဟာမတ် အာဟန်း (၂၀) နှစ်နှင့် မိုဟာမတ် ယူနိုစ့်တို့ ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဖမ်းဆီးခံရသူများ၏ ထုတ်ဖော်ပြောဆိုချက်အရ ကောစ့်ဘာဇား (ဖလောင်းချိတ်) မြို့မှ မိုဟာမတ် အာဘဒူလ် ရော်ဟိမ်းဆိုသူတစ်ဦးကိုလည်း စိတ်ကြွဆေးပြား သုံးသောင်းနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...