သူတို့ ၅ ဦးကို သတင်းအရ လွန်ခဲ့သော ဖေဖေါ်ဝါရီလ ၂ ရက် အင်္ဂါနေ့ ညအချိန်က ပင်လယ်ပြင်တွင် စက်လှေ တစ်စီးနှင့်အ တူ စိတ်ကြွ ဆေးပြားများကို သယ်ဆောင်လာစဉ် အထူးမှုခင်းနှိမ်နှင်းရေး အမှတ် (၇) တပ်ဖွဲ့မှ ဖမ်းဆီးရ မိခြင်းဖြစ်သည်ဟု ဆိုသည်။
ဆေးပြားများနှင့်အတူ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံမှ လာသူများမှာ မိုဟာမတ် ဇောဘေလ် (၄၂)နှစ်၊ မိုဟာမတ် အာရှေ့စ်အူလာဟ် (၁၉)နှစ်၊ ချင်းချူးအာလာမ် (၂၅)နှစ်၊ မိုဟာမတ် အာဟန်း (၂၀) နှစ်နှင့် မိုဟာမတ် ယူနိုစ့်တို့ ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဖမ်းဆီးခံရသူများ၏ ထုတ်ဖော်ပြောဆိုချက်အရ ကောစ့်ဘာဇား (ဖလောင်းချိတ်) မြို့မှ မိုဟာမတ် အာဘဒူလ် ရော်ဟိမ်းဆိုသူတစ်ဦးကိုလည်း စိတ်ကြွဆေးပြား သုံးသောင်းနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။







