ထောင်ဒဏ်ချမှတ်ခံရသော မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ကို ကျောက်ဖြူထောင်သို့ ပို့ဆောင်

ထောင်ဒဏ်ချမှတ်ခံရသော မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ကို ကျောက်ဖြူထောင်သို့ ပို့ဆောင်
by -
နိရဥ္စရာ
မြေပုံမြို့နယ်တရားရုံးက ထောင်ဒဏ်ချမှတ်ခံထားရသော ရခိုင်အမျိုးသားပါတီ၏ မင်းပြားမြို့နယ် အနိုင်ရ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကို ဇန်နဝါရီလ(၃၁)ရက်နေ့က ကျောက်ဖြူ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကို  ဇန်နဝါရီ(၃၁)ရက်နေ့ ညနေ ၃နာရီကျော်ခန့်တွင် မြေပုံမြို့နယ်မှ ရဲအုပ်တစ်ဦးနှင့် ရဲတပ်သားလေးဦးဖြင့် လာရောက် ပို့ဆောင်ခဲ့ကြောင်း ကျောက်ဖြူမြို့နယ်၊ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးသန်းနိုင်မြင့် ကပြောသည်။

 ”ဒီနေ့ ဦးလှအောင်ညွန့်ကို မြေပုံမြို့နယ်မှ ကျောက်ဖြူထောင်သို့လာပို့ပါတယ်။ ရဲအုပ်တစ်ဦးနဲ့ ရဲတပ်သား လေးဦး အစောင့်အရှောက်နဲ့ လာပို့ပါတယ်။ ကျနော်နဲ့ ပါတီဥက္ကဋ္ဌတို့ အကျဉ်းထောင်ကိုသွားပြီးတော့ စားစရာတွေ သွားပေးခဲ့တယ်“ဟုဦးသန်းနိုင်မြင့် ကပြောသည်။

ဦးလှအောင်ညွန့် ပြစ်ဒဏ်ချမှတ်ခံထားရသောကိစ္စနှင့်ပတ်သက်ပြီး အယူခံဝင်ရန်အတွက် ကျောက်ဖြူမှ ရှေ့နေနှင့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် အကျဉ်းထောင်သို့ သွားရောက်တွေ့ဆုံပြီး ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဦးလှအောင်ညွန့်အား ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှု ပုဒ်မများဖြစ်သည့်  ၄၅၁၊ ၅၀၆တို့ဖြင့် မြေပုံမြို့နယ် တရားရုံးက ထောင်ဒဏ်( ၁) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

သူ့အနေဖြင့် မင်းပြားမြို့နယ်တရားရုံးကို အယုံအကြည်မရှိဟုဆိုကာ မြောက်ဦးခရိုင် တရားရုံးကို အယူခံတင်ခဲ့ရာ မြောက်ဦးခရိုင်တရားရုံး မှ မြေပုံမြို့နယ်တရားရုံးသို့ လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

မင်းပြားမြို့နယ် အမှတ်(၂)အနိုင်ရ ပြည်နယ်လွှတ်တောကိုယ်စားလှယ် ဦးလှအောင်ညွန့်အား ပိုင်နက်ကျူးလွန်မှုဖြင့် တရားတရားစွဲသူမှာ မင်းပြားမြို့၊ အောက်ရွာပိုင်းမှ ဒေါ်ဦးမြကြည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...