ကလေးခွေးကိုက်ခံရရာမှ အချေအတင် စကားများပြီး လူသတ်မှု ဖြစ်ပွား

ကလေးခွေးကိုက်ခံရရာမှ အချေအတင် စကားများပြီး လူသတ်မှု ဖြစ်ပွား
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာအုပ်စု ကျောက်တင်ဆိပ် ကျေးရွာတွင် အသက် (၆) နှစ်အရွယ် ကလေးငယ် တစ်ဦး ခွေးကိုက်ခံရရာမှ အချေအတင် စကားများပြီး လူသတ်မှု ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

knife attack 300x258” ခွေးကိုက်ခံရရာမှ စတင်ပြီး ရန်ဖြစ်ကြတယ်လို့ သိရတယ်။ တစ်ဦးသေတယ်။ နောက်တစ်ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ သူက ဆေးရုံမှာ တက်ရောက် ဆေးကုသနေတယ်” ဟု ကျောက်ဖြူ ရဲစခန်း တာဝန်ရှိသူ တစ်ဦး က နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာအုပ်စု၊ ကျောက်တင်ဆိပ်ကျေးရွာတွင် ဇန်နဝါရီ(၂၉)ရက် ညနေ ရ နာရီခန့်က ဒေါ်မပုမ နေအိမ်တွင်မွေးမြူထားသော ခွေးက  ဒေါ်ထွေးထွေးရီ၏ သား အသက်(၆)နှစ် ကို ကိုက်သည်။ ယင်းခွေးကိုက်မှု ကြောင့်  ဒေါ်ထွေးထွေးရီ၏ မောင်ဖြစ်သူ ဦးမောင်မြင့်စိုး အသက်(၃၅)နှစ်နှင့် ခွေးပိုင်ရှင် ဒေါ်မပုမသား မောင်အောင်ဇော်လင်း အသက်(၂၆)နှစ်တို့ စကားများရန်ဖြစ်ကြသည်။

စကားများ ရန်ဖြစ်ရာမှ အပြန်အလှန် ဓါးထိုးမှု ဖြစ်ပွားရာ မောင်အောင်ဇော်လင်းမှာ ဘယ်ဘက် လည်မျိုတွင် ဓါးဒဏ်ရာ ရရှိခဲ့ပြီး ယင်းဒဏ်ရာဖြင့် ဆေးရုံးအရောက်တွင် သေဆုံးသွားခဲ့သည်။

ဓါးထိုးမှု ဖြစ်ပွားရာတွင် ပါ၀င်သူ ဦးမောင်မြင့်စိုး (၃၅) နှစ်တွင် ၀ဲဘက်လည်ပင်းတွင်  ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲဘက်နားတွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ၀ဲဘက်ပခုံးပွန်းပဲ့ ဒဏ်ရာတစ် ချက် ရရှိခဲ့သည်။  

ယခု လူသေမှုနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့မ ရဲစခန်းမှူး ဒုရဲမှူး မိုးဇော်သူ ကတာဝန်ယူ စစ်ဆေး အရေး ယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...