ကလေးခွေးကိုက်ခံရရာမှ အချေအတင် စကားများပြီး လူသတ်မှု ဖြစ်ပွား

ကလေးခွေးကိုက်ခံရရာမှ အချေအတင် စကားများပြီး လူသတ်မှု ဖြစ်ပွား
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာအုပ်စု ကျောက်တင်ဆိပ် ကျေးရွာတွင် အသက် (၆) နှစ်အရွယ် ကလေးငယ် တစ်ဦး ခွေးကိုက်ခံရရာမှ အချေအတင် စကားများပြီး လူသတ်မှု ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

knife attack 300x258” ခွေးကိုက်ခံရရာမှ စတင်ပြီး ရန်ဖြစ်ကြတယ်လို့ သိရတယ်။ တစ်ဦးသေတယ်။ နောက်တစ်ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ သူက ဆေးရုံမှာ တက်ရောက် ဆေးကုသနေတယ်” ဟု ကျောက်ဖြူ ရဲစခန်း တာဝန်ရှိသူ တစ်ဦး က နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာအုပ်စု၊ ကျောက်တင်ဆိပ်ကျေးရွာတွင် ဇန်နဝါရီ(၂၉)ရက် ညနေ ရ နာရီခန့်က ဒေါ်မပုမ နေအိမ်တွင်မွေးမြူထားသော ခွေးက  ဒေါ်ထွေးထွေးရီ၏ သား အသက်(၆)နှစ် ကို ကိုက်သည်။ ယင်းခွေးကိုက်မှု ကြောင့်  ဒေါ်ထွေးထွေးရီ၏ မောင်ဖြစ်သူ ဦးမောင်မြင့်စိုး အသက်(၃၅)နှစ်နှင့် ခွေးပိုင်ရှင် ဒေါ်မပုမသား မောင်အောင်ဇော်လင်း အသက်(၂၆)နှစ်တို့ စကားများရန်ဖြစ်ကြသည်။

စကားများ ရန်ဖြစ်ရာမှ အပြန်အလှန် ဓါးထိုးမှု ဖြစ်ပွားရာ မောင်အောင်ဇော်လင်းမှာ ဘယ်ဘက် လည်မျိုတွင် ဓါးဒဏ်ရာ ရရှိခဲ့ပြီး ယင်းဒဏ်ရာဖြင့် ဆေးရုံးအရောက်တွင် သေဆုံးသွားခဲ့သည်။

ဓါးထိုးမှု ဖြစ်ပွားရာတွင် ပါ၀င်သူ ဦးမောင်မြင့်စိုး (၃၅) နှစ်တွင် ၀ဲဘက်လည်ပင်းတွင်  ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲဘက်နားတွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ၀ဲဘက်ပခုံးပွန်းပဲ့ ဒဏ်ရာတစ် ချက် ရရှိခဲ့သည်။  

ယခု လူသေမှုနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့မ ရဲစခန်းမှူး ဒုရဲမှူး မိုးဇော်သူ ကတာဝန်ယူ စစ်ဆေး အရေး ယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...