Published
Tuesday, January 26, 2016
အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်မှုရှိနေတဲ့ ကျောင်သားတွေကို ဒက္ကားတက္ကသိုလ်က ထုတ်ပယ်
အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိနေတဲ့ကျောင်းသား ခုနှစ်ဦးကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားတက္ကသိုလ် အာဏာပိုင်တွေက ကျောင်း ကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။
သူတို့တွေဟာ ဘင်္ဂလာဒေ့ရှ် နိုင်ငံက မတရားအသင်း အဖြစ် သတ်မှတ်ထားတဲ့ အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့ Hizb ut-Tahrir ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့ Bd news24 မှာ ဖော်ပြထားပါတယ်။
သူတို့ တွေဟာ ဒက္ကားတက္ကသိုလ်မှာ စီမံခန့်ခွဲမှု ပညာရပ်နဲ့ စီးပွားရေး ဘာသာရပ်တွေကို သင်ကြားနေကြတဲ့ ကျောင်း သားတွေ ဖြစ်ကြပြီး Hizb ut-Tahrir အဖွဲ့ရဲ့ လက်ကမ်းစောင်တွေ ဖြန့်ဝေနေတာကို CCTV ကင်မရာကတစ်ဆင့် ရိုက်ကူးထားတာကို မြင်တွေ့ရပြီးနောက်ပိုင်းမှာ ဒက္ကားတက္ကသိုလ် အာဏာပိုင်တွေက ကျောင်းကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါ တယ်။
တစ်ခြားကျောင်းသား ကိုးဦးကိုလည်း တစ်ခြား မတော်မရော် လုပ်မှုတွေနဲ့ ကျောင်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။







