အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်မှုရှိနေတဲ့ ကျောင်သားတွေကို ဒက္ကားတက္ကသိုလ်က ထုတ်ပယ်

အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်မှုရှိနေတဲ့ ကျောင်သားတွေကို ဒက္ကားတက္ကသိုလ်က ထုတ်ပယ်
by -
နိရဥ္စရာ
အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိနေတဲ့ကျောင်းသား ခုနှစ်ဦးကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားတက္ကသိုလ် အာဏာပိုင်တွေက ကျောင်း ကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။

သူတို့တွေဟာ ဘင်္ဂလာဒေ့ရှ် နိုင်ငံက မတရားအသင်း အဖြစ် သတ်မှတ်ထားတဲ့ အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့ Hizb ut-Tahrir ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့ Bd news24 မှာ ဖော်ပြထားပါတယ်။

 သူတို့ တွေဟာ ဒက္ကားတက္ကသိုလ်မှာ စီမံခန့်ခွဲမှု ပညာရပ်နဲ့ စီးပွားရေး ဘာသာရပ်တွေကို သင်ကြားနေကြတဲ့ ကျောင်း သားတွေ ဖြစ်ကြပြီး Hizb ut-Tahrir အဖွဲ့ရဲ့ လက်ကမ်းစောင်တွေ ဖြန့်ဝေနေတာကို CCTV  ကင်မရာကတစ်ဆင့် ရိုက်ကူးထားတာကို မြင်တွေ့ရပြီးနောက်ပိုင်းမှာ ဒက္ကားတက္ကသိုလ် အာဏာပိုင်တွေက ကျောင်းကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါ တယ်။

တစ်ခြားကျောင်းသား ကိုးဦးကိုလည်း တစ်ခြား မတော်မရော် လုပ်မှုတွေနဲ့ ကျောင်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...