အမ်းစစ်ဆေးရေးဂိတ်တွင် စိတ်ကြွဆေးပြား ၅သိန်းနှင့် အတူကယ်ရီလုပ်သူ တစ်ဦး အဖမ်းခံရ

အမ်းစစ်ဆေးရေးဂိတ်တွင် စိတ်ကြွဆေးပြား ၅သိန်းနှင့် အတူကယ်ရီလုပ်သူ တစ်ဦး အဖမ်းခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အမ်းမြို့နယ် စိတ်ဆေးရေးဂိတ်တစ်ခုတွင် စိတ်ကြွဆေးပြား ၅ သိန်းကျော်အား သယ်ဆောင်လာသူ ရခိုင်အမျိုးသားတစ်ဦးကို ရဲက ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

“ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၅ ရက်၊ ဒီလ ၂၀ နေ့က  အမ်းမြို့နယ် ပဲပဒုံဂိတ်မှာ ဖမ်းမိတာပါ။ စုစုပေါင်း WY အမှတ်တံဆိပ်ပါတဲ့ စိတ်ကြွဆေးပြား ငါးသိန်းနဲ့ ကိုးထောင်ကျော်ဖြစ်ပါတယ်။ အခုတော့ သူကို ဥပဒေအရ အရေးယူထားပါတယ်” ဟု အမ်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် သောင်းလွှင်က နိရဥ္စရာသို့ ပြောသည်။

ဖမ်းဆီးခံရသူမှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် နေထိုင်သူ ရွှေပန်းထိမ်ဆရာ ဦးကျော်မင်း (၄၅) နှစ် ဖြစ်သည်ဟု သိရသည်။

ဦးကျော်မင်းသည် ၎င်းဆေးပြားများကို ရန်ကုန်မှ တဆင့် စစ်တွေသို့ တိုးရတနာ လူစီးဘတ်စ်ကားဖြင့် သယ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး အမ်းမြို့နယ် ပဲပဒုံဂိတ်တွင် မူးယစ်ဆေးဝါး ရဲတပ်ဖွဲ့မှ တက်ရောက် ရှာဖွေ စစ်ဆေးရာ သူ၏ ခရီးဆောင်အိတ်ပထမ တစ်ခု အတွင်းမှ စိတ်ကြွဆေးပြား ၂၇၀၀၀၀ကိုလည်းကောင်း ဒုတိယ အိတ်အတွင်းမှ ဆေးပြား ၂၃၉၉၆၀ ကိုလည်းကောင်း ဖမ်းဆီမိခဲ့သည်ဟု ဆိုသည်။  

“ သူ့ကို ပုဒ်မ ၁၅/ ၁၉ (က)/ ၂၀ (က)/ ၂၁ တို့နဲ့ အမူဖွင့်ထားပါတယ်။ အဓိကတော့ မူးယစ်ဆေးဝါး သယ်ဆောင်မူ၊ လက်ဝယ်တွေ့ရှိမှု ပုဒ်မတွေနဲ့ အဓိက အရေးယူထားတာ ဖြစ်ပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေအရ သူများဟာကို သယ်ပေးတဲ့ အနေအထားမျိုးတွေ့ရပါတယ်။ ကွင်းဆက်တွေကိုတော့ ဆက်လက်စိစစ် ဖော်ထုတ်နေတုန်း ဖြစ်ပါတယ်” ဟု ဒုရဲအုပ် သောင်းလွှင် က ဆက်လက် ပြောကြားသည်။

ယခု စိတ်ကြွဆေးပြားများ၏ တန်ဖိုးမှာ ကျပ်ငွေ သန်းပေါင်း ၁၅၀၀ ကျော်ဖိုးရှိသည်ဟု သိရသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...