ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်၍ဟုဆိုကာ ထောင် ၃ နှစ်ကျခံထားရသည့် မင်းပြားမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်မြောက်

ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်၍ဟုဆိုကာ ထောင် ၃ နှစ်ကျခံထားရသည့် မင်းပြားမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်မြောက်
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် ( AA )နှင့်ပတ်သက်သည်ဟုဆိုကာ ထောင်ဒဏ် ၃ နှစ်ကျခံထားရသည့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်မြောက်လာကြောင်း အကျိုးဆောင်ရှေ့နေက ပြောသည်

ယခုလွတ်မြောက်လာသူမှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် လဟာကျယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ဖြစ်ပြီး ဇန်နဝါရီလ ၂၂ ရက်က သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်တွေ အကျဉ်းထောင်မှ လွတ်မြောက်လာခြင်းဖြစ်သည်။

“သူလွတ်လာတာ ဟုတ်ပါတယ်။ ကျမတောင်သွားတွေ့ခဲ့ပါသေးတယ်”ဟု သူ၏ အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန်က နိရဥ္စရာ သို့ ပြောသည်။

ဦးဝင်းမောင်သည် ရက္ခိုင့်တပ်မတော် (AA)နှင့် ပတ်သက်ဆက်သွယ်သည်ဟုဆိုကာ ပြီးခဲ့သည့်  ၂ဝ၁၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့့တွင်  မတရား အသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသူဖြစ်သည်။

ယင်းနောက် သူ့အား စက်တင်ဘာ ၂၉ ရက်နေ့တွင် မင်းပြားမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

စစ်တွေအကျဉ်းထောင်မှ ယနေ့ လွှတ်မြောက်လာသည့် အကျဉ်းသားဦးရေကို နိရဥ္စရာက စုံစမ်းနေဆဲ ဖြစ်ပါသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...