ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်၍ဟုဆိုကာ ထောင် ၃ နှစ်ကျခံထားရသည့် မင်းပြားမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်မြောက်

ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်၍ဟုဆိုကာ ထောင် ၃ နှစ်ကျခံထားရသည့် မင်းပြားမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်မြောက်
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် ( AA )နှင့်ပတ်သက်သည်ဟုဆိုကာ ထောင်ဒဏ် ၃ နှစ်ကျခံထားရသည့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်မြောက်လာကြောင်း အကျိုးဆောင်ရှေ့နေက ပြောသည်

ယခုလွတ်မြောက်လာသူမှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် လဟာကျယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ဖြစ်ပြီး ဇန်နဝါရီလ ၂၂ ရက်က သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်တွေ အကျဉ်းထောင်မှ လွတ်မြောက်လာခြင်းဖြစ်သည်။

“သူလွတ်လာတာ ဟုတ်ပါတယ်။ ကျမတောင်သွားတွေ့ခဲ့ပါသေးတယ်”ဟု သူ၏ အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန်က နိရဥ္စရာ သို့ ပြောသည်။

ဦးဝင်းမောင်သည် ရက္ခိုင့်တပ်မတော် (AA)နှင့် ပတ်သက်ဆက်သွယ်သည်ဟုဆိုကာ ပြီးခဲ့သည့်  ၂ဝ၁၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့့တွင်  မတရား အသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသူဖြစ်သည်။

ယင်းနောက် သူ့အား စက်တင်ဘာ ၂၉ ရက်နေ့တွင် မင်းပြားမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

စစ်တွေအကျဉ်းထောင်မှ ယနေ့ လွှတ်မြောက်လာသည့် အကျဉ်းသားဦးရေကို နိရဥ္စရာက စုံစမ်းနေဆဲ ဖြစ်ပါသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...