မလေးရှားရှိ ထိုင်းသံရုံးရှေ့ ဆန္ဒပြခွင့် အဆမတန် လူများနေ၍ တားမြစ်ခံရ

မလေးရှားရှိ ထိုင်းသံရုံးရှေ့ ဆန္ဒပြခွင့် အဆမတန် လူများနေ၍ တားမြစ်ခံရ
by -
နိရဥ္စရာ
ဓာတ်ပုံ- နိရဥ္စရာ/ ၀ဏ္ဍခွာညို
ဓာတ်ပုံ- နိရဥ္စရာ/ ၀ဏ္ဍခွာညို
မြန်မာ လူငယ်နှစ်ဦး လွတ်မြောက်ရေးအတွက် ဆန္ဒပြရန် ခွင်ပြုသည့် အရေအတွက်မှာ ၃၀ သာ ဖြစ်သော်လည်း  ရောက်ရှိလာသူ အရေအတွက်မှာ ၅၀၀ ခန့် ရှိသဖြင့် ဒီဇင်ဘာ ၂၈ရက်နေ့၊ နံနက်က  မလေးရှာနိုင်ငံ ကွာလာလမ်ပူမြို့ ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြခွင့်ကို မလေးရှားရဲက တားမြစ် ပိတ်ပင်လိုက်သည်ဟု သိရသည်။

“ကျွန်တော်တို့ မလေးရှားရဲဆီမှာ ဆန္ဒပြပွဲ လုပ်ဖို့ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက  ခွင့်ပြုချက် တင်ပါတယ်။ သူတို့ ခွင့်ပြုတာက လူဦးရေ ၃၀၊ တကယ်ဆန္ဒပြပွဲကို ရောက်လာတာက လူပေါင်း ၅၀၀ လောက် ရောက်လာတော့ မလေးရှား ရဲက ဆန္ဒပြခွင့် မပြုတော့ဘူး။ လူတွေစုရုံးရောက်ရှိလာခဲ့ ပေမယ့် ဆန္ဒမပြဘဲ ပြန်လာခဲ့ရပါတယ်”ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ  ကိုနေလင်းက ပြောသည်။

နံနက် ဒေသစံတော်ချိန် ၁၁ နာရီတွင် မြန်မာလူငယ်နှစ်ဦးကို လွတ်ပေးရေးအတွက် ထိုင်းသံရုံးအား ဆန္ဒပြရန် စီစဉ်ပြီးမှ ရဲက တားမြစ်ထားသဖြင့် အစီအစဉ်ကို ရပ်နားလိုက်ရသည်ဟု သူက ဆက်လက် ပြောဆိုသည်။

ဆန္ဒပြ ခေါင်ဆောင် မလေးရှားရှိ နာရေး ကူညီအသင်းမှ လူနှစ်ဦးကိုလည်း ရဲများ ခေါ်ဆောင်သွား ခဲ့ကြောင်း ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်သူ ကိုဇော်လင်းက ပြောသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...