“ကျွန်တော်တို့ မလေးရှားရဲဆီမှာ ဆန္ဒပြပွဲ လုပ်ဖို့ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ခွင့်ပြုချက် တင်ပါတယ်။ သူတို့ ခွင့်ပြုတာက လူဦးရေ ၃၀၊ တကယ်ဆန္ဒပြပွဲကို ရောက်လာတာက လူပေါင်း ၅၀၀ လောက် ရောက်လာတော့ မလေးရှား ရဲက ဆန္ဒပြခွင့် မပြုတော့ဘူး။ လူတွေစုရုံးရောက်ရှိလာခဲ့ ပေမယ့် ဆန္ဒမပြဘဲ ပြန်လာခဲ့ရပါတယ်”ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ ကိုနေလင်းက ပြောသည်။
နံနက် ဒေသစံတော်ချိန် ၁၁ နာရီတွင် မြန်မာလူငယ်နှစ်ဦးကို လွတ်ပေးရေးအတွက် ထိုင်းသံရုံးအား ဆန္ဒပြရန် စီစဉ်ပြီးမှ ရဲက တားမြစ်ထားသဖြင့် အစီအစဉ်ကို ရပ်နားလိုက်ရသည်ဟု သူက ဆက်လက် ပြောဆိုသည်။
ဆန္ဒပြ ခေါင်ဆောင် မလေးရှားရှိ နာရေး ကူညီအသင်းမှ လူနှစ်ဦးကိုလည်း ရဲများ ခေါ်ဆောင်သွား ခဲ့ကြောင်း ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်သူ ကိုဇော်လင်းက ပြောသည်။







