“အစပိုင်းမှာတော့ မဲရေတွက်မှုအရ နိုင်တယ်လို့ ပြောနိုင်ပေမယ့် နောက်ပိုင်း တခြားဝေးလံတဲ့ ဒေသတွေက မဲတွေဝင်လာတော့ အနိုင်ရဖို့ဆိုတာ မသေမချာ ဖြစ်လာပါတယ်။ NLD ကဘဲ နေရာ အားလုံးကို နိုင်သွားနိုင်တဲ့ အနေအထားမျိုးရှိနေပါတယ်”ဟု ဦးစောငြိမ်းက ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းတွင် ပလက်ဝ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က မဲရလဒ်ကို ကြေညာနိုင်ဖွယ်ရှိကြောင်း၊ အနိုင်အရှုံးကို ယနေ့ ညနေတွင် သိရမည် ဖြစ်ကြောင်း၊ သို့သော်လည်း ရခိုင်အမျိုးသားပါတီမှ အောင်မြင်မှု ရရန်မှာ မသေချာတော့ကြောင်း ပြောဆိုသည်။
ပလက်ဝမြို့နယ်တွင် ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်နေရာ (၂) ခုအတွက် ဦးစိန်ရွှေမောင်၊ ဦးမောင်တင်ထွန်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်နေရာတွင် ဦးဘစောမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အခြားနေရာ (၂) ခုဖြစ်သော ပြည်နယ်လွှတ်တော် အမှတ် (၁) တွင် ဦးစောလှနှင့် အမှတ်(၂) တွင် ဦးစောငြိမ်းတို့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။







