ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင် ANP ကိုယ်စားလှယ်များ အောင်နိုင်မှု မသေချာ

ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင် ANP ကိုယ်စားလှယ်များ အောင်နိုင်မှု မသေချာ
by -
နိရဥ္စရာ
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP)မှ ဝင်ရောက်ယှဉ်ပြိုင်သော လွှတ်တော် ကိုယ်စားလှယ် (၅)ဦး အနိုင်ရသည်ဟူသော သတင်းမှာ မသေချာကြောင်း ရခိုင်အမျိုးသားပါတီ ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်သူ ဦးစောငြိမ်းက ပြောဆိုသည်။

“အစပိုင်းမှာတော့ မဲရေတွက်မှုအရ နိုင်တယ်လို့ ပြောနိုင်ပေမယ့် နောက်ပိုင်း တခြားဝေးလံတဲ့ ဒေသတွေက မဲတွေဝင်လာတော့ အနိုင်ရဖို့ဆိုတာ မသေမချာ ဖြစ်လာပါတယ်။ NLD ကဘဲ နေရာ အားလုံးကို နိုင်သွားနိုင်တဲ့ အနေအထားမျိုးရှိနေပါတယ်”ဟု ဦးစောငြိမ်းက ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းတွင် ပလက်ဝ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က မဲရလဒ်ကို ကြေညာနိုင်ဖွယ်ရှိကြောင်း၊ အနိုင်အရှုံးကို ယနေ့ ညနေတွင် သိရမည် ဖြစ်ကြောင်း၊ သို့သော်လည်း ရခိုင်အမျိုးသားပါတီမှ အောင်မြင်မှု ရရန်မှာ မသေချာတော့ကြောင်း ပြောဆိုသည်။

ပလက်ဝမြို့နယ်တွင် ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်နေရာ (၂) ခုအတွက် ဦးစိန်ရွှေမောင်၊ ဦးမောင်တင်ထွန်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်နေရာတွင် ဦးဘစောမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အခြားနေရာ (၂) ခုဖြစ်သော ပြည်နယ်လွှတ်တော် အမှတ် (၁) တွင် ဦးစောလှနှင့် အမှတ်(၂) တွင် ဦးစောငြိမ်းတို့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...