ပြည်သူ့လွှတ်တော် နေရာအတွက် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ် မဲဆန္ဒနယ်များအတွက်သာ ထုတ်ပြန်နိုင်သေးပြီး၊ အမျိုးသားလွှတ်တော်တွင် စစ်တွေမြို့နယ် မဲဆန္ဒနယ် ၁၊ မောင်တော (မြောက်ပိုင်း) မဲဆန္ဒနယ် ရ နှင့် မောင်တော(တောင်ပိုင်း) မဲဆန္ဒနယ် ၈ တို့အတွက်သာ ထုတ်ပြန်နိုင်သေးသည်ဟု သိရသည်။
ပြည်သူ့လွှတ်တော် နေရာအတွက် မဲရလဒ်များမှာ ရသေ့တောင်မြို့နယ်တွင် ဒေါ်ခင်စောဝေ ANP က ၃၈၇၅၁ မဲ၊ USDP ဦးဝေကျော်အောင်က ရ၂၅၄ မဲ၊ NLD ဦးမောင်ကြွင်းအောင်က ၁၅၉၅ မဲ နှင့် တစညမှ ဒေါ်ဦးစိန်ဖြူ ပါတီက ၁၁၅၄ မဲ ရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် ဦးဦးထွန်းမောင် ANP က ၃၂၄၆၅ မဲ၊ ဦးကျော်ဝင်းခင် USDP က ၁၀၂၉၆ မဲ၊ ဦးကျော်အေး NLD က ရ၉၄၃ မဲ၊ ဦးမောင်အေးနု တစည က ၂၃၇၁ မဲ နှင့် ဦးကျော်သန်း တသီးပုဂ္ဂလ တို့က ၁၈၉၅ မဲ ရရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်တွင် ဦးဘရှင် ANP က ၂၇၁၃၈ မဲ၊ ဦးသိန်းဟန် NLD က ရ၉၂၆ မဲ၊ ဦးလှစောထွန်း ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီက ၄၂၁၀ မဲ၊ ဦးသိန်းဇော် တစ်သီးပုဂ္ဂလက ၃၈၆၆ မဲ၊ ဦးအေးစံ တစ်သီးပုဂ္ဂလက ၁၁၉၇ မဲ၊ ဦးမောင်ဘစော တစ်သီးပုဂ္ဂလက ၁၀၂၉ မဲ၊ ဒေါ်အေးခင် တသီးပုဂ္ဂလတို့က ၃၈၀ မဲ ရရှိကြောင်း သိရသည်။
သံတွဲမြို့နယ်တွင် ဦးမင်းကြည် NLD က ၂၃၅၅၁ မဲ၊ ဦးမြင့်ဦး ANP က ၁၇၈၄၇ မဲ၊ ဦးရဲထွန်း USDP က ၁၆၆၆၁ မဲ၊ ဦးထွန်းမြင့် ရခိုင်ပြည်နယ် အင်အားစုပါတီက ၃၄၉၂ မဲ၊ ဦးသိန်းစိုး တစညပါတီက ၁၄၇၁ မဲ၊ ဦးခင်မောင်လှ တသီးပုဂ္ဂလက ရ၀၇ မဲ ရရှိကြောင်း သိရသည်။
အမျိုးသားလွှတ်တော်အတွက် မဲရလဒ်မှာ စစ်တွေမြို့နယ် မဲဆန္ဒနယ် ၁ တွင် ဦးဝေစိန်အောင် ANP က ၄၅၀၈၇၊ ဦးသန်းထွန်း USDP က ၁၄၁၉၈ မဲ၊ ဦးသာဇံ NLD က ၂၀၂၅ မဲ၊ ဦးဦးဘကျော် APP က ၂ဝဝ၆ မဲ၊ ဦးနီအောင်ကျော် တစညက ၁၄၈၆ မဲနှင့် ဦးဝင်းမောင် တစ်သီးပုဂ္ဂလက ၁၂၈၈ မဲတို့ ရရှိကြောင်း သိရသည်။
မောင်တော (မြောက်ပိုင်း) မဲဆန္ဒနယ် ရ တွင် ဦးကျော်သိန်း USDP က ၄၀၈၇ မဲ၊ ဦးမောင်မဲ ANP က ၃၀၉၃ မဲ၊ ဒေါ်မျိုးမြင့်မြင့်မြတ် NLD က ၄၆၇ မဲ နှင့် ဦးမင်းအောင် မြိုတိုင်းရင်းသားပါတီက ၃၂၉ မဲတို့ ရရှိကြောင်း သိရသည်။
မောင်တော (တောင်ပိုင်း) မဲဆန္ဒနယ် ၈ တွင် ဦးကျော်ကျော်ဝင်း ANP က ၅၅၁၉ မဲ၊ ဦးမောင်သာခင် USDP က ၃၃၄၁ မဲ၊ ဦးကြယ်သာထွန်း NLD က ၅၇၆ တို့ ရရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် ရွေးကော်မရှင်အနေဖြင့် ရွေးကောက်ပွဲရလဒ်ကို ပြည်ထောင်စုကော်မရှင်က တရားဝင်ထုတ်ပြန်ပြီးမှသာ ထုတ်ပြန်ခွင့်ရသည်ဟု သိရသည်။







