ရခိုင်ပြည်နယ် နေရာအနည်းငယ်၏ ရွေးကောက်ပွဲ ရလဒ်ကို ကော်မရှင်က ထုတ်ပြန်ကြေညာ

ရခိုင်ပြည်နယ် နေရာအနည်းငယ်၏ ရွေးကောက်ပွဲ ရလဒ်ကို ကော်မရှင်က ထုတ်ပြန်ကြေညာ
by -
နိရဥ္စရာ
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်လျက်ရှိရာ ရခိုင်ပြည်နယ်ရှိ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နေရာ တချို့ကိုသာ ထုတ်ပြန်နိုင်သေးသည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အရာရှိ ဦးသူရိန်ထွဋ္ဋ်က ပြောသည်။

ပြည်သူ့လွှတ်တော် နေရာအတွက် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ် မဲဆန္ဒနယ်များအတွက်သာ ထုတ်ပြန်နိုင်သေးပြီး၊ အမျိုးသားလွှတ်တော်တွင် စစ်တွေမြို့နယ် မဲဆန္ဒနယ် ၁၊ မောင်တော (မြောက်ပိုင်း) မဲဆန္ဒနယ် ရ နှင့် မောင်တော(တောင်ပိုင်း) မဲဆန္ဒနယ် ၈ တို့အတွက်သာ ထုတ်ပြန်နိုင်သေးသည်ဟု သိရသည်။

ပြည်သူ့လွှတ်တော် နေရာအတွက် မဲရလဒ်များမှာ ရသေ့တောင်မြို့နယ်တွင် ဒေါ်ခင်စောဝေ ANP က ၃၈၇၅၁ မဲ၊ USDP ဦးဝေကျော်အောင်က ရ၂၅၄ မဲ၊ NLD  ဦးမောင်ကြွင်းအောင်က ၁၅၉၅ မဲ နှင့် တစညမှ  ဒေါ်ဦးစိန်ဖြူ ပါတီက ၁၁၅၄ မဲ ရှိကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ဦးဦးထွန်းမောင် ANP က ၃၂၄၆၅ မဲ၊ ဦးကျော်ဝင်းခင် USDP က ၁၀၂၉၆ မဲ၊ ဦးကျော်အေး NLD က ရ၉၄၃ မဲ၊ ဦးမောင်အေးနု တစည က ၂၃၇၁ မဲ နှင့် ဦးကျော်သန်း တသီးပုဂ္ဂလ တို့က ၁၈၉၅ မဲ ရရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်တွင် ဦးဘရှင် ANP က ၂၇၁၃၈ မဲ၊ ဦးသိန်းဟန် NLD က ရ၉၂၆ မဲ၊ ဦးလှစောထွန်း ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီက ၄၂၁၀ မဲ၊ ဦးသိန်းဇော် တစ်သီးပုဂ္ဂလက ၃၈၆၆ မဲ၊ ဦးအေးစံ တစ်သီးပုဂ္ဂလက ၁၁၉၇ မဲ၊ ဦးမောင်ဘစော တစ်သီးပုဂ္ဂလက ၁၀၂၉ မဲ၊ ဒေါ်အေးခင် တသီးပုဂ္ဂလတို့က ၃၈၀ မဲ ရရှိကြောင်း သိရသည်။

သံတွဲမြို့နယ်တွင် ဦးမင်းကြည် NLD က ၂၃၅၅၁ မဲ၊ ဦးမြင့်ဦး ANP က ၁၇၈၄၇ မဲ၊ ဦးရဲထွန်း USDP က ၁၆၆၆၁ မဲ၊ ဦးထွန်းမြင့် ရခိုင်ပြည်နယ် အင်အားစုပါတီက ၃၄၉၂ မဲ၊ ဦးသိန်းစိုး တစညပါတီက ၁၄၇၁ မဲ၊ ဦးခင်မောင်လှ တသီးပုဂ္ဂလက ရ၀၇ မဲ ရရှိကြောင်း သိရသည်။

အမျိုးသားလွှတ်တော်အတွက် မဲရလဒ်မှာ စစ်တွေမြို့နယ် မဲဆန္ဒနယ် ၁ တွင် ဦးဝေစိန်အောင် ANP က ၄၅၀၈၇၊ ဦးသန်းထွန်း USDP က ၁၄၁၉၈ မဲ၊ ဦးသာဇံ NLD က ၂၀၂၅ မဲ၊ ဦးဦးဘကျော် APP က ၂ဝဝ၆ မဲ၊ ဦးနီအောင်ကျော် တစညက ၁၄၈၆ မဲနှင့် ဦးဝင်းမောင် တစ်သီးပုဂ္ဂလက ၁၂၈၈ မဲတို့ ရရှိကြောင်း သိရသည်။

မောင်တော (မြောက်ပိုင်း) မဲဆန္ဒနယ် ရ တွင် ဦးကျော်သိန်း USDP က ၄၀၈၇ မဲ၊ ဦးမောင်မဲ ANP က ၃၀၉၃ မဲ၊ ဒေါ်မျိုးမြင့်မြင့်မြတ် NLD က ၄၆၇ မဲ နှင့် ဦးမင်းအောင် မြိုတိုင်းရင်းသားပါတီက ၃၂၉ မဲတို့ ရရှိကြောင်း သိရသည်။

မောင်တော (တောင်ပိုင်း) မဲဆန္ဒနယ် ၈ တွင် ဦးကျော်ကျော်ဝင်း ANP က ၅၅၁၉ မဲ၊ ဦးမောင်သာခင် USDP က ၃၃၄၁ မဲ၊ ဦးကြယ်သာထွန်း NLD က ၅၇၆ တို့ ရရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရွေးကော်မရှင်အနေဖြင့် ရွေးကောက်ပွဲရလဒ်ကို ပြည်ထောင်စုကော်မရှင်က တရားဝင်ထုတ်ပြန်ပြီးမှသာ ထုတ်ပြန်ခွင့်ရသည်ဟု သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...