အဆိုပါ ပစ်ခတ်မှုမှာ မြန်မာ-အိန္ဒိယနိုင်ငံ မီဇူရာမ်ပြည်နယ်နှင့် နယ်စပ်ဖြစ်သည့် ရုံမော်မြို့နယ် ဘော်ရော်ထော်လီ ကျေးရွာအနီး တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရုံမော်ရဲစခန်းမှ အရာရှိဖြစ်သူ ရှော်ရီဖူလ် အစ္စလာမ်မှပြောကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများတွင် ဖော်ပြသည်။
သေဆုံးသွားသူမှာ မြိုအမျိုးသားတစ်ဦးဖြစ်ကြောင်း၊ ဒဏ်ရာရသူ စစ်သားများကို စစ်ရဟတ်ယာဉ်ဖြင့် စစ်တကောင်းစစ်ဆေးရုံသို့ ယူဆောင်သွားကြောင်း သိရသည်။
အောက်တိုဘာလ ၁၈ ရက်နေ့၊ နံနက် ၁၁ နာရီမှ ၁၂ နာရီအထိ ပစ်ခတ်သံများကြားရသည်ဟု ဒေသခံများက ပြောကြောင်းလည်း သတင်းတွင် ဖော်ပြသည်။
ဘင်္ဂလား စစ်တပ်နှင့်တိုက်ခိုက်မှုဖြစ်ပွားသည့် အဖွဲ့မှာ မည်သည့်အဖွဲ့ဆိုသည်ကို သတင်းများတွင် ဖော်ပြခြင်း မရှိသေးပေ။
ယခုတိုက်ပွဲဖြစ်ပွားသည့် နေရာမှာ အောက်တိုဘာလ ၃ ရက်နေ့က ဒါကာမြို့မှ ရန်ချောင်းသို့ လာရောက်လည်ပတ်သည့် ဘင်္ဂလီ ၂ ဦးကို ဖမ်းဆီးသွားသည့်နေရာ အနီးတွင် ဖြစ်သည်။
ဖမ်းဆီးခံထားရသည့် ဘင်္ဂလီ ၂ ဦးနှင့် လမ်းပြဖြစ်သူ ၂ ဦးမှာလည်း ယခုအချိန်အထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။
လွန်ခဲ့သည့် ကြာသပတေး (အောက်တိုဘာလ ၁၅) ရက်နေ့ကလည်း ယခုပစ်ခတ်မှု ဖြစ်ပွားရာအနီး လက်နက်ကိုင်စခန်းတခုကို ဘင်္ဂလားစစ် တပ်မှဝင်စီးစဉ် လက်နက်တလက်အပါအဝင် ကျဉ်ဆန်များ၊ ယူနီးဖောင်းနှင့် တခြားစစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။







