နယ်စပ် တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ် စစ်သား ၂ ဦးဒဏ်ရာရပြီး ကျေးရွာပြည်သူ့စစ်တစ်ဦးသေဆုံး

နယ်စပ် တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ် စစ်သား ၂ ဦးဒဏ်ရာရပြီး ကျေးရွာပြည်သူ့စစ်တစ်ဦးသေဆုံး
by -
နိရဥ္စရာ
မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ် အနီးရှိ စစ်တကောင်းတောင်တန်းဒေသ ရင်ဂါမာတီခရိုင်တွင် အောက်တိုဘာလ ၁၈ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ တစ်ခုအတွင်း ဘင်္ဂလားဒေ့ရှ် ကျေးရွာပြည်သူ့စစ် တစ်ဦးသေဆုံးပြီး ဘင်္ဂလားစစ်သား ၂ ဦးနှင့် ကျေးရွာ ကာကွယ်ရေးတပ်သား တစ်ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ပစ်ခတ်မှုမှာ မြန်မာ-အိန္ဒိယနိုင်ငံ မီဇူရာမ်ပြည်နယ်နှင့် နယ်စပ်ဖြစ်သည့် ရုံမော်မြို့နယ် ဘော်ရော်ထော်လီ ကျေးရွာအနီး တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရုံမော်ရဲစခန်းမှ အရာရှိဖြစ်သူ ရှော်ရီဖူလ် အစ္စလာမ်မှပြောကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများတွင် ဖော်ပြသည်။

သေဆုံးသွားသူမှာ မြိုအမျိုးသားတစ်ဦးဖြစ်ကြောင်း၊ ဒဏ်ရာရသူ စစ်သားများကို စစ်ရဟတ်ယာဉ်ဖြင့် စစ်တကောင်းစစ်ဆေးရုံသို့ ယူဆောင်သွားကြောင်း သိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့၊ နံနက် ၁၁ နာရီမှ ၁၂ နာရီအထိ ပစ်ခတ်သံများကြားရသည်ဟု ဒေသခံများက ပြောကြောင်းလည်း သတင်းတွင် ဖော်ပြသည်။

ဘင်္ဂလား စစ်တပ်နှင့်တိုက်ခိုက်မှုဖြစ်ပွားသည့် အဖွဲ့မှာ မည်သည့်အဖွဲ့ဆိုသည်ကို သတင်းများတွင် ဖော်ပြခြင်း မရှိသေးပေ။

ယခုတိုက်ပွဲဖြစ်ပွားသည့် နေရာမှာ အောက်တိုဘာလ ၃ ရက်နေ့က ဒါကာမြို့မှ ရန်ချောင်းသို့ လာရောက်လည်ပတ်သည့် ဘင်္ဂလီ ၂ ဦးကို ဖမ်းဆီးသွားသည့်နေရာ အနီးတွင် ဖြစ်သည်။

ဖမ်းဆီးခံထားရသည့် ဘင်္ဂလီ ၂ ဦးနှင့် လမ်းပြဖြစ်သူ ၂ ဦးမှာလည်း ယခုအချိန်အထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

လွန်ခဲ့သည့် ကြာသပတေး (အောက်တိုဘာလ ၁၅) ရက်နေ့ကလည်း  ယခုပစ်ခတ်မှု ဖြစ်ပွားရာအနီး လက်နက်ကိုင်စခန်းတခုကို ဘင်္ဂလားစစ် တပ်မှဝင်စီးစဉ် လက်နက်တလက်အပါအဝင် ကျဉ်ဆန်များ၊ ယူနီးဖောင်းနှင့် တခြားစစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...