“အဖျက်ဆီးခံရတာကတော့ အောက်တိုဘာလ ၁၀ ရက်နေ့လောက်ကပါ။ ဦးမောင်စိတ် လ္ဘက်ရည်ဆိုင်နဲ့ မျက်နှာချင်းဆိုင် စာကြည့်တိုက်ခြံဝင်းထဲမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ပါ။ ကျွန်တော့် ဆိုင်းဘုတ်က အခြားဆိုင်းဘုတ်နဲ့ ယှဉ်ရင် အကြီးဆုံးပါ။ တမင်ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာလို့ဘဲ သံသယ ရှိပါတယ်”ဟု ဦးအောင်မင်းဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါဆိုင်းဘုတ် ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ပေါက်တောမြို့မ ရဲစခန်းနှင့် မြို့နယ်ကော်မရှင်ရုံးသို့ ဖုန်းဆက် အကြောင်းကြားထားသည်ဟု သိရသည်။
“မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါမှာ အစပိုင်းမှာတော့ အခက်အခဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်သီးပုဂ္ဂလတွေ ဟာ နောက်ခံပါတီမရှိတဲ့အတွက် အစိုးရဖွဲ့လို့မရဘူး။ အစိုးရက ငွေပေးထား ပြီးတော့ အမျိုးသားပါတီကို ဖြိုခွဲမယ်၊ ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို ဖြိုခွဲမယ်ဆိုပြီးတော့ ပါတီတွေက ပြောထားတာတွေရှိလို့ပါ။ အဲ့ဒီလို ပြောထားတာမျိုး ရွာတိုင်း ရပ်တိုင်းလိုလိုမှာ ရှိပါတယ်”ဟု ဦးအောင်မင်းဦးက ပြောသည်။
အဆိုပါဆိုင်းဘုတ် ဖျက်ဆီးခံရသည်မှာ ဟုတ်မှန်ကြောင်း ပေါက်တောမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးချစ်စိန်က နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။
ဦးဘခင်ဝင်ရောက် အရွေးခံမည့် ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်တွင် ကျေးရွာအုပ်စု ၃၄ အုပ်စု၊ ကျေးရွာပေါင်း ၆၅ ရွာရှိပြီး မဲဆွယ်စည်းရုံးရေးမလုပ်ရသည့် ကျေးရွာပေါင်း ၁၇ ရွာသာကျန်တောကြောင်း သိရသည်။







