ပေါက်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းဦး၏ ဆိုင်းဘုတ် ဖျက်ဆီးခံရ

ပေါက်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းဦး၏ ဆိုင်းဘုတ် ဖျက်ဆီးခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်တွင် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမည့် ဦးဘခင် (ခ) ဦးအောင်မင်းဦး၏ ဆိုင်းဘုတ် အဖျက်အဆီးခံရသည်ဟု သိရသည်။

“အဖျက်ဆီးခံရတာကတော့ အောက်တိုဘာလ ၁၀ ရက်နေ့လောက်ကပါ။ ဦးမောင်စိတ် လ္ဘက်ရည်ဆိုင်နဲ့ မျက်နှာချင်းဆိုင် စာကြည့်တိုက်ခြံဝင်းထဲမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ပါ။ ကျွန်တော့် ဆိုင်းဘုတ်က အခြားဆိုင်းဘုတ်နဲ့ ယှဉ်ရင် အကြီးဆုံးပါ။ တမင်ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာလို့ဘဲ သံသယ ရှိပါတယ်”ဟု ဦးအောင်မင်းဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါဆိုင်းဘုတ် ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ပေါက်တောမြို့မ ရဲစခန်းနှင့် မြို့နယ်ကော်မရှင်ရုံးသို့ ဖုန်းဆက် အကြောင်းကြားထားသည်ဟု သိရသည်။

“မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါမှာ အစပိုင်းမှာတော့ အခက်အခဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့  တစ်သီးပုဂ္ဂလတွေ ဟာ နောက်ခံပါတီမရှိတဲ့အတွက် အစိုးရဖွဲ့လို့မရဘူး။ အစိုးရက ငွေပေးထား ပြီးတော့ အမျိုးသားပါတီကို ဖြိုခွဲမယ်၊ ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို ဖြိုခွဲမယ်ဆိုပြီးတော့ ပါတီတွေက ပြောထားတာတွေရှိလို့ပါ။ အဲ့ဒီလို ပြောထားတာမျိုး ရွာတိုင်း ရပ်တိုင်းလိုလိုမှာ ရှိပါတယ်”ဟု ဦးအောင်မင်းဦးက ပြောသည်။

အဆိုပါဆိုင်းဘုတ် ဖျက်ဆီးခံရသည်မှာ ဟုတ်မှန်ကြောင်း ပေါက်တောမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးချစ်စိန်က နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ဦးဘခင်ဝင်ရောက် အရွေးခံမည့် ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်တွင် ကျေးရွာအုပ်စု ၃၄ အုပ်စု၊ ကျေးရွာပေါင်း ၆၅ ရွာရှိပြီး မဲဆွယ်စည်းရုံးရေးမလုပ်ရသည့် ကျေးရွာပေါင်း ၁၇ ရွာသာကျန်တောကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...