ဆိုးသော်ရှိ ကောင်းသော်ရှိ သမ္မတဆန်တို့စ် Juan Manual Santos အစိုးရနဲ့ FARC တို့ရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ ဖြစ်နိုင်ချေ အလားအလာကောင်းနေပြီး ဒီနိုင်ငံရဲ့ အင်ဒီးလူမျိုး Andean Nation တွေ ကို အမြစ်လှန် အသွင်ပြောင်းမှုဖြစ်စေဖို့ သေချာနေပါတယ်။ လက်ရှိအပြောင်းအလဲဟာ (၄) နှစ်တာ စေ့စပ် ညှိုနှိုင်းမှုရလာဒ်ဖြစ်ပြီး အနှစ် (၅၀) ကျော် တော်လှန်တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း ပေါ်လာတဲ့အချိန်ကိုက် အသီး အပွင့်ဖြစ်တယ်။
ဒီနှစ်သြဂုတ်လရောက်ရင် ဆန်တို့စ်အစိုးရရဲ့ သက်တမ်းဟာ (၂) နှစ်သာ ကျန်ပါတော့မယ်။ညှိနှိုင်းရေးမှုးတွေရဲ့ သဘောတူညီချက် မှန်သမျှဟာ ဥပဒေတရပ်ဖြစ်လာဘို့ အချိန်ကြာရှည်ယူရပြီး ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းရတဲ့ လုပ်ငန်းစဉ်တွေဖြစ်တယ်။ ဥပမာ- အပြီးသတ်သဘောတူညီချက်ကို အတည်ပြုဖို့ လူထုဆန္ဒခံယူပွဲ ပြုလုပ်ရ အုံးမယ်ဆိုတာမျိုးပေါ့။ လူထုဆန္ဒခံယူပွဲမှာ အနိုင်ရပြီးရင် ဆန်တို့အစိုးရဟာ အကောင်အထည်ဖော်ဖို့ အထူး ဥပဒေပြုအဏာ အများဆုံး (၆) လ ရရှိပါလိမ့်မယ်။ FARC ခေါင်းဆောင်တွေအတွက်ကတော့ ဥပဒေဘောင် အတွင်း နိုင်ငံရေးမှာတိုက်ရိုက်ပါဝင်ခွင့်နဲ့ နိုင်ငံတေ်စိုတ်ပျိုးရေးပေါ်လစီ အပြောင်းအလဲမှာ ပါဝင်ခွင့် အပါအဝင် အထူး ခံစားခွင့်တွေ ရရှိမှာဖြစ်တယ်။ ဒါကြောင့်လည်း FARC ခေါင်းဆောင်တွေအတွက်ကတော့ ဥပဒေ ဘောင်အတွင်း နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ခွင့်အပါအဝင် အထူးခံစားခွင့်တွေရရှိမှာဖြစ်တယ်။ ဒါကြောင့်လည်း FARC ခေါင်းဆောင်တွေဟာ ၂၀၁၈ ခုနှစ် အစိုးရသစ်မတက်ခင် ရရှိထားတဲ့ အထူးအခွင့်အရေးတွေ ဥပဒေ ဖြစ်လာဖို့ စေ့စပ်ညှိုနှိုင်းမှုကို အရှိန်မြှင့်နေတာဖြစ်တယ်။
ထုံးစံအတိုင်းပါဘဲ FARC နဲ့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဟာ တခြားနက်ရှိုင်းခက်ခဲတဲ့ ပြည်တွင်းပြဿနာ တွေကိုလည်း ချုပ်ငြိမ်းစေမှာဖြစ်တယ်။ သဘောတူညီချက်အရ FARC တပ်ဖွဲ့တွေဟာ သတ်မှတ်ထားတဲ့ဇုံ တွေမှာ နေထိုင်ပြီး ရက်ပေါင်း (၁၈၀) အတွင်း အဆင့်လိုက် လက်နက်လွှဲပြောင်းအပ်နှံရမှာဖြစ်တယ်။ ဒီဇုံ တွေကို အစိုးရတပ်က လုံခြံုရေးယူပေးမှာဖြစ်ပြီး လုပ်ငန်းစဉ်ကို လက်တင်အမေရိကနိုင်ငံတွေက ကိုယ်စား လှယ်တွေ အများစုပါဝင်တဲ့ ကုလသမဂ္ဂမစ်ရှင်က ကြီးကြပ်မှာဖြစ်တယ်။
အဖွဲ့အစည်းပြုပြင်ပြောင်းလဲရေး အစီအစဉ်မှာ မဖြေရှင်းနိုင်တဲ့ မေးခွန်းအများကြီးရှိနေတယ်။ စတာနဲ့တပြိုင်နက် တရားဝင်အခေါ် ပုံမှန်ဖြစ်ရေးဇုံ Zones of normalization ဆိုတဲ့ စစ်ကင်းမဲ့ဧရိယာပြဿနာ ပေါ်လာတယ်။ သဘောတူညီချက်အရ ရွာအရွယ်အစားရှိမဲ့ဇုံ (၂၃) ခုနဲ့ FARC တပ်သားတွေအတွက် စခန်း (၈) ခု ထူထောင် ပေးရမယ်။ လက်တွေမှာ ဒီဧရိယာ (၃၁) ခုရဲ့ လည်ပတ်နိုင်ရေး ရေရှည်ထောက်ပံ့မှု၊ အကာအကွယ်ပေးမှုနဲ့ ကွပ် ကဲကြီးကြပ်ရေးတာဝန်တွေ ရှိလာမှာပါ။ အဲဒီဇုံတွေဟာ နိုင်ငံအနှံ့ ပြန်ကျဲတည်ရှိနေမှာဖြစ်ပြီး အချို့ကတော့ အစိုးရအာဏာစက်ကွင်း လက်လှမ်းမမီတဲ့နေရာတွေ ဖြစ်နေတယ်။ ဒေသတော်တော်များများမှာ အမြတ်အစွန်း ကြီးမားတဲ့ တရားမဝင်စိုက်ကွင်းတွေနဲ့ တရားမဝင်ခိုးတူးမိုင်းတွေ ရှိနေကြတယ်။ ပြောက်ကျားတပ်သားဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ ဒုစရိုက်ဂိုဏ်းကြီး (မူးယစ်ဆေးဝါးကာတယ်လ်) ဟာ အဲဒီလုပ်ငန်းတွေကို အပြိုင်အဆိုင် ထိန်းချုပ်ဖို့ အခွင့်ထူးဆက်လက်ရရှိမယ့် သဘောဖြစ်တယ်။ ဒီပွဲမှာ အစိုးရကလည်း တစ်ကဏ္ဍပါနေပြန်တယ်။
လက်နက်ဖြုတ်သိမ်းရေးလုပ်ငန်းစဉ်ကို ခြိမ်းခြောက်နေတဲ့ အပိုဆောင်းအန္တရာယ် (၂) ခုရှိပြန်တယ်။ တခုက တော့ ပုံမှန်အနေအထားပြန်ရောက်ရေးဇုံ အများစုဟာ FARC တွေရဲ့ စစ်ရေးဂွင်တွေမှာ တည်ရှိတယ်။ ဒါရဲ့အကျိုးဆက်တစ်ခုက ဆယ်စုချီပြီး အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရတဲ့ လူထုနဲ့ ပြောက်ကျားဟောင်းတွေအကြား ပဋိပက္ခ ဖြစ်နိုင်ချေကို ထည့်စဉ်းစားရမှာဖြစ်တယ်။ ဒီတင်းမာမှုမျိုးဟာ အကြမ်းဖက်အဆင့် ကူးပြောင်းနိုင်သလို လယ် သမားတွေ နေရပ်စွန့်ခွါထွက်ပြေးတာ ဖြစ်နိုင်တယ်။ နောက်အန္တရာယ်တခုက FARC ရဲ့ အဖွဲ့အစည်း ညီညွတ်မှုနဲ့ ပတ်သက်တယ်။ သဘောတူညီချက်ကို လက်မခံတဲ့အုပ်စုကွဲတွေ ရှိလာနိုင်တယ်။ ဒီလို အရဲစွန့် ကိုင်တွယ်ရမဲ့ကဏ္ဍတွေကို ပီပီပြင်ပြင် မထိန်းချုပ်နိုင်ခဲ့ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အလွဲလွဲအချော်ချော်နဲ့ စိုးရိမ်ရေမှတ် ရောက်သွားနိုင်ချေ သိသိသာသာရှိနေတယ်။
အဲဒီလိုလက်တွေ့ သေချာရေရာမှုမရှိတာတွေအပြင် ညှိုနှိုင်းစဉ်ကတည်းက ပြတ်ပြတ်သားသား သဘောထား မချမှတ်နိုင်တဲ့ အချက်တချို့ရှိသေးတယ်။ အဲဒါက FARC ဖျက်သိမ်းအသွင်ပြောင်းရေး (သို့) လက်နက် လွှဲပြောင်းအပ်နှံရေးဆိုတဲ့ နောက်ဆုံးသဘောတူညီချက် အကောင်အထည်ပေါ်ဖို့ ဘယ်လောက်အချိန်ယူရ မယ်၊ ဘယ်အတိုင်းအတာအထိ လုပ်ဆောင်ရမယ်ဆိုတာ ယတိပြတ်ခန်မှန်းဖို့ သံသယဖြစ်နေတာဖြစ်တယ်။ နှစ်ဘက် စေ့စပ်ညှိုနှိုင်းသူတွေဟာ လက်နက်အပ် ပြောက်ကျားတွေအတွက် လုံခြံုရေးအာမခံချက်ရှိအောင် ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်ခဲ့ကြတယ်။ မူအရပြောရယင် ဒါကကိုလံဘီယာရဲ့ အရှည်အကြာရှိလာခဲ့တဲ့ လူထု အကြမ်းဖက်မှုသမိုင်းဆိုင်ရာအဆင့်နဲ့ ဆိုင်တယ်။ FARC တွေရဲ့ လုံခြံုရေးအာမခံချက်တွေအတွက် ပေးအပ် လိုက်တဲ့ အခွင့်ထူးတချို့မှာ နောက်ဆက်တွဲအကျိုးဆက်အဆိုးတွေ လိုက်လာတယ်။ ဥပမာ-ကိုလံဘီယာရဲတွေ နဲ့ ညှိုနှိုင်းတွဲဖက်အလုပ်လုပ်မဲ့ FARC လူဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ “လုံခြံုရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ Security and Protection Corps” လို ကိစ္စမျိုးဖြစ်တယ်။ ပြောက်ကျားဟောင်းတွေအတွက် အထူးလုံခြံုရေး အစီအစဉ်တွေဟာ ဖွဲ့စည်းလိုက်တဲ့ “လုံ/ကါတပ်ဖွဲ့” အတွက် ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုး ဖြစ်လာ တယ်။ ဒီအတွက် FARC အများစုကြီးက အပ်လိုက်တဲ့ လက်နက်တွေကို ချက်ချင်းကြီးဘဲ “လုံ/ ကါတပ်ဖွဲ့” တွေမှာ ပြန်လည်တပ်ဆင်ပေးလိုက်ရတယ်။ ဒီတကြိမ်မှာတော့ သူတို့ခေါင်းဆောင်တွေရဲ့ သက်တော်စောင့် လုံခြံုရေးခေါင်းစဉ်နဲ့ပေါ့။
ဒါ့အပြင် အဖွဲ့အစည်းဖျက်သိမ်းရေးနဲ့ လူအဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းနေရာချထားရေး လက်တွေ့ လုပ်ငန်းတွေဟာ အသေးစိတ် မပြီးပြတ်သေးပါဘူး၊ FARC ရဲ့ တိုက်ပွဲဝင်တပ်ဖွဲ့တွေကို ဘယ်လိုပြောင်းလဲ ဖွဲ့စည်းမလဲဆိုတာ မပြီးပြတ်သေးပါဘူး၊ ခေါင်းဆောင်တွေနဲ့ ငယ်သားသာမာန်တပ်ဖွဲ့ဝင်တွေကို ဘယ်လိုခွဲခြားကိုင် တွယ်မလဲ (ဒါမှမဟုတ်) တပ်ဖွဲ့ဝင်ဟောင်းတွေကို လူအဖွဲ့အစည်းထဲ ဘယ်လိုပေါင်းစည်းနေရာချမလဲဆိုတာ အသေးစိတ် မကိုင်တွယ်ရသေးပါဘူး။ ဒါက စိုးရိမ်စရာပါ၊ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အောင်မြင်မှုဟာ ပြောက်ကျားဟောင်းတွေကို သူတို့တပ်ဖွဲ့စည်းပုံနဲ့ အဆက်ဖြတ်နိုင်စွမ်း၊ သာမန်ပြည်သူ့ဘဝနဲ့ ပြန်လည်ပေါင်းစည်းနိုင်စွမ်းအပေါ် မူတည်နေလို့ဖြစ်ပါတယ်။ တကယ်တော့ ကိုလံဘီယာလို တရားမဝင်လက်နက်အမြဲတမ်း အလွယ်တကူရရှိနိုင်တဲ့ တိုင်ပြည်မျိုးမှာ လက်နက်ကိုင်တော်လှန်ရေးတခု အပြီးသတ် နိဂုံးချုပ်ဖို့ လက်နက်အပ်နှံရုံ အလွယ်တကူနေရာပြောင်းလိုက်ရုံနဲ့ အာမခံချက်အလုံအလောက် မရရှိနိုင်ပါဘူး။
FARC တွေဟာ အဖွဲ့အစည်းလုံးဝဥဿံု ပြန်လည်ဖျက်သိမ်းဖို့နဲ့ တပ်ဖွဲ့ဝင်တွေကို သာမန်ပြည်သူ့ဘဝဆီ တဦးချင်း ပြန်လည်ပေါင်းစည်းသွတ်သွင်းဖို့ ဆိုတာကို လုံးလုံးလျားလျား ကန့်ကွက်လိမ့်မယ်ဆိုတဲ့ ပူပန်ချက် ကလည်း ရှိနေတယ်။ အဲဒါအစား ခေါင်းဆောင်တွေဟာ လက်နက်အပ်ပြီးတာနဲ့ လက်နက်ကိုင်အဖွဲ့အစည်း အဖြစ်ကနေ နိုင်ငံရေးပါတီအဖြစ် တိုက်ရိုက်ကူးပြောင်းနိုင်ဘို့ တောင်းဆိုကြတယ်။ စုပေါင်းစိုက်ပျိုးရေး ပရော ဂျက်တွေမှာ အောက်ခြေအကြပ်တပ်သားတွေဟာ သူ့တို့ရဲ့တပ်မှုးဟောင်းတွေအောက်မှာနေပြီး ဆက်လက် အလုပ်လုပ်နေထိုင်သွားဘို့ ပိုလိုလားကြတယ်။ ဒါကိုသာ ခွင့်ပြုခဲ့ယင် FARC အဖွဲ့အစည်းနဲ့ အမိန့်ပေးအဖွဲ့ တို့ဟာ ပုံစံဟောင်းအတိုင်း ချိတ်ဆက်နေမှာဖြစ်တယ်။ ဒါဟာ မူးယစ်ဆေးဝါရောင်းဝယ်မှုလို အုံနဲ့ကျင်းနဲ့ လုပ်ရ တဲ့ဒုစရိုက်လုပ်ငန်းတွေမှာ ပါဝင်နိုင်ဘို့ လွယ်ကူစေသလို သူတို့ခေါင်းဆောင်တွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျောခိုင်းတဲ့အခါ အကြမ်းဖက်မှုဆီ ပြန်ကူးနိုင်ဖို့ လမ်းဖွင့်ပေးသလိုလည်း ဖြစ်နေမယ်။
အပေါ်မှာ ရေးပြထားသလို မသေချာမရေရာမှုတွေ မေးခွန်းတွေ အမြှောက်အများ ရှိနေပေမဲ့ မကြာခင်က ရလာ တဲ့ ဆန်တို့စ်အစိုးရရဲ့ တိုးတက်မှုဟာ FARC နဲ့ အပြီးသတ်ငြိမ်းချမ်းရေးရဖို့ ဘယ်တုန်းကနဲ့ မတူအောင် နီး လာနေပြီဆိုတာကို ပြသနေတယ်။ ဘယ်သဘောတူညီချက်မျိုးမဆို ကိုလံဘီယာ နိုင်ငံရဲ့ နိုင်ငံရေးနဲ့ လုံခြံုရေး မှာ အဓိကအကျိုးဆက်တွေ ရှိလိမ့်မှာပါဘဲ။
သဘောတူညီချက်အတွက် အကွာဝေးဆုံးအဟရဲ့ ရှုတ်ထွေးပွေလီမှုကို မေးခွန်း (၂) ခုက အဆုံးအဖြတ်ပေး ပါလိမ့်မယ်။ ပထမကတော့ FARC ဟာ လုံးဝကြီးကို လက်နက်ဖြုတ်သိမ်းပြီး အပြည့်အဝ အဖျက်သိမ်းခံမှာ လား (သို့မဟုတ်) ထင်သာမြင်သာ အစိတ်အပိုင်းတခုက လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ ဆက်လက်တိုက်ပွဲ ဝင်ဘို့ ကျန်ခဲ့မှာလားဆိုတာဘဲ ဖြစ်တယ်။ ဒုတိယတခုက FARC တွေရဲ့ စွန့်လွှတ်နယ်မြေတွေကို ထိထိရောက် ရောက် ထိန်းသိမ်းအုပ်ချုပ်ဖို့ ကိုလံဘီယာအစိုးရမှာ စွမ်းရည်ရှိပါ့မလားဆိုတာပါဘဲ။ တကယ်လို့သာ စွမ်းရည် မရှိခဲ့ရင် အဲဒီဒေသတွေဟာ ပြောက်ကျားဟောင်းတွေ (သို့မဟုတ်) မူးယစ်ကုန်ကူးသူတွေရဲ့ လက်မှာ ကျား သနားမှ နွားချမ်းသာဘဝနဲ့ စခန်းသွားကြရပါလိမ့်မယ်။
ကိုလံဘီယာအစိုးရနဲ့ FARC တော်လှန်ရေးအဖွဲ့ကတော့ တိုင်းပြည်ရဲ့ တည်ငြိမ်မှုကို ဆယ်စု (၅) ခုကျော် ခြိမ်း ခြောက်နေခဲ့တဲ့ ကြေကွဲဝမ်းနည်းဖွယ် အကြမ်းဖက်ဇာတ်လမ်းရှည်ကြီး အဆုံးသတ်ဖြစ်နိုင်ချေကို လမ်းဖွင့်ပေး လိုက်ပြီဖြစ်ပါတယ်။ သဘောတူညီချက်တွေ အသေးစိတ် အဆုံးသတ်ထိရပြီးမှသာ ကိုလံဘီယာဟာ ရေရှည် တည်တံ့ပြီး တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်မလား (ဒါမှမဟုတ်) အကြမ်းဖက်မှုနဲ့ ပြဿနာရှုတ်ထွေးမှုတွေ ဆီ ပြန်သွားမလားဆိုတာကို ကျွန်တော်တို့ဆုံးဖြတ်နိုင်ပါလိမ့်မယ်။
မှတ်ချက်။ ။ 22/7/2016- foreign Affairs ပါ Colombia's Fragile Peace ဆောင်းပါးကို ပြန်ဆိုပါတယ်။ စာရေးသူ Roman D. Ortiz) ဟာ ကိုလံဘီယာကာကွယ်ရေးဝန်ကြီးဋ္ဌာနနဲ့ လုံခြံုရေးဆိုင်ရာအဖွဲ့အစည်းအမျိုးမျိုးမှာ အကြံပေးအဖြစ် လုပ်ကိုင်နေသူဖြစ်တယ်။







