ကရင်နီအမျိုးသားတိုု့ရဲ့ အရှင်သခင်

ကရင်နီအမျိုးသားတိုု့ရဲ့ အရှင်သခင်
by -
ကန္တာရဝတီတိုင်း(မ်)
စူးမယ် - လူမျိုးတိုင်းမှာ ကိုယ့်ဘုရင်၊ အရှင်သခင်နဲ့ နေကြရသလို ကရင်နီလူမျိုးမှာလည်း အရှင်ဘုရင် ဆိုတာရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ BC ရ၃၉ လောက်ကတည်းက အခုချိန်ထိ ကရင်နီလူမျိုးတို့မှာ အရှင် (သို့) ဘုရင်ရှိခဲ့တာဖြစ်ပါတယ်။

ည မီးရောင်ဖျော့ဖျော့လေး အောက်မှာ လူနှစ်ယောက် ဟိုဖက်ဒီဖက် မျက်နှာချင်းဆိုင်ထိုင်ပြီး အရာဝတ္တုတစ်ခုကို သူတိုု့လက်တွေနဲ့ အသာလေး မပြီးလှုပ်နေကြတာကို တွေ့နေရပါတယ်။

လူနှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်ပြီး မနေတာကတော့ ကရင်နီလူမျိုးတို့ရဲ့ အရှင်ဘုရင် ဖိုးဒီးကရီး (ခေါ်) နတ်ရုပ်တမျိုးပဲ ဖြစ်ပါတယ်။

ဖိုးဒီးကရီးရဲ့ အဓိပ္ပါယ်မှာ ဖိုး ( အဖိုးအဖွား) ဒီးကရီး ( တော်စပ်သောနတ်)ဖြစ်ပါတယ်။

ဖိုးဒီးကရီးနတ်မျိုးဟာ ကရင်နီလူမျိုးတို့ရဲ့အဖိုုးအဖွား တော်စပ်သကဲ့သိုု့  မြေးတော်စပ်ခြင်းလိုု့လည်း အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဖိုးဒီးကရီးကို အဖိုးအဖွားလို့ ကြည်ညိုလေးစား ယုံကြည်သလို ဖိုးဒီးကရီးကလည်း ကရင်နီလူမျိုးတို့ကို မြေးလိုချစ်တယ်လို့ ယုံကြည်ကြပါတယ်။

ကရင်နီအမျိုးသားတိုု့ရဲ့ အရှင်သခင်ကရင်နီအမျိုးသားတိုု့ရဲ့ အရှင်သခင်ပလိုင်းတစ်လုံးကို ယက်လုပ်ပြီး ထိုပလိုင်းကို ပတ်ထားလိုက်ပါတယ်။ ပိတ်ဖြူတွေနဲ့ ပါတ်ထားတဲ့ ပလိုင်းဖင်ကို ဇောက်ထိုးထားပြီး အပေါက်ငယ်လေး ဖောက်ထားလိုက်ပါတယ်။ ပလိုင်းဖင်ပေါက်ကနေ ခုတ်ထားတဲ့ ဝါးဆင့်ကို ထည့်ထားပြီး ခိုင်အောင် ချည်ထားလိုက်ပါတယ်။ ဝါးဆစ်ထဲမှာတော့ မီးကျောက်တစ်လုံး၊ မီးစာနဲ့ သံမဏိချပ်ငယ်တစ်ခုကို ထည့်ထားရပါတယ်။ ပုလိုင်းရဲ့ပတ်ပတ်လည်ကို အဝတ်အစား အစုတ်တွေနဲ့ ပတ်ထားတဲ့အရုပ်ဟာ ခေါင်းမရှိတဲ့ လူရုပ်ပုံစံပေါ်လွင်နေပါတယ်။

ဖိုးဒီးကရီးနတ်ရုပ် သက်ဝင်လာချိန်မှာ ရပ်ရွာထဲက ရိုးသားဖြောင့်မတ်သူတိုု့ကိုုသာ အကိုုင်ခံပါတယ်။ ဖြောင့်မတ်သူနဲ့မှ ဖိုုးဒီးကရီးရဲ့ တဘက်တချက်ဆီကိုု သူတိုု့လက်နဲ့ ကိုုင်မလိုုက်ခြင်းအားဖြင့် အလိုုအလျှောက် နတ်ရုပ်က လှုပ်ရှားမှု စပြုလာပါတယ်။

ရွာပြင် တောတနေရာမျာ ဖိုးဒီးကရီးကို ပြုလုုပ်ရတဲ့အတွက် ရွာသွင်းသိုု့ ပင့်ခေါ်ရာမှာ ဘယ်သူ့အိမ်မှာ တည်းခိုမလဲ။ ဘယ်သူနဲ့ ပင့်ခေါ်ရမလဲ ဆိုုတာကို  မေးမြန်းပြီး ညနေစောင်းမှ ရွာအတွင်းသိုု့ ပင့်ခေါ်ရပါတယ်။

ရွာအတွင်းသို့ ပင့်ခေါ်လာတဲ့ ဖိုးဒီးကရီးနတ်ရုပ် တည်းမယ့် အိမ်ကိုရောက်တဲ့အခါ ရွာသားတွေက ကြိုဆိုပြီး သူ့ကို ရိုးရာအစားအသောက်နဲ့ ဧည့်ခံကြိုဆိုကြရပါတယ်။ ပြီးရင် ညမှောင်လာတဲ့ အချိန်မှာတော့ ရွာအတွင်းမှာရှိတဲ့ လူကြီး၊ လူငယ်၊ ကလေး၊ အဖိုးအဘွားစတဲ့ ဖိုးဒီးကရီးရဲ့ မြေးတွေက လာရောက်ပြီး မိမိအတွက် မိမိမိသားစုအတွက် ကျေးရွာအတွက် ရှေ့ရေး နောင်ရေးတွေကို လာရောက်မေးမြန်းကြပါတယ်။

“အရင်တုန်းက ကျနော်တို့ ဘုရင်မရှိဘူး အရှင်သခင်မရှိဘူး။ အဲလိုမရှိတော့ သူ့ကိုကျနော်တို့ ဘုရင်နေရာ အရှင်သခင်နေရာထားတော့ ထိန်းသိမ်းရမယ်။ သူ့ကို ယုံကြည်မယ်ဆိုရင် ကျနော်တို့ နေမကောင်း ကျန်းမမာဖြစ်နေတာတို့ဆိုရင် ဒီလိုအချိန်ရောက်တဲ့ တစ်နှစ်တစ်ကြိမ်မှာ သူ့ကိုမေးရင် သူပြောပြတယ်။ ဒါကြောင့် သူ့ကို ယုံကြည်ရမယ်။ ယုံကြည်တယ်ဆိုတာကလည်း ကျနော်တို့ ဒေသခံ ရွာသားတွေ နောက် ရိုးရာဓလေ့ကို ယုံကြည်လာတဲ့ သူတွေပါပဲ။ ရိုးရာဓလေ့ ယုံကြည်တဲ့သူတွေက သူ့ကို ယုံကြည်တယ်။ သူ့ကို အလေးထား စောင့်ရှောက်တယ်ဆိုရင် ရောဂါကင်းအောင်လည်း လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ချမ်းသာကြွယ်ဝအောင် လုပ်ပေးဆိုတာမျိုးတော့ သူမလုပ်ပေးနိုင်ဘူးပေါ့” လို့ ခူးဖဲရယ်ကပြောပါတယ်။

ဖိုုးဒီးခရီးကိုု “ယယ်ရယ်”လို့ အမည်ရှိတဲ့ ကရင်နီအမျိုးသားလူငယ်တဦးက တီထွင့်ခဲ့တာပါ။ အဓိက တီထွင်လိုုက်တဲ့အကြောင်းအရင်းက ကရင်နီအမျိုးသားတရပ်လုံုးအနေနဲ့ ယွန်းတိုု့ရဲ့ ဖိနိပ်မှုအောက်မှာ ကျွန်အဖြစ် မခံအရပ်နိုုင်တော့တဲ့အတွက် ဖြစ်ပါတယ်။ အဲ့ဒီအချိန်က ကရင်နီအမျိုးသားတွေဟာ ကိုုယ့်တိုုင်းကိုုယ့်ပြည်မှာတင် ယွန်းတိုု့ရဲ့ ကျွန်အဖြစ် နှစ်ပေါင်း ၁၀၀ တိုုင် ဖိနှိပ်အုုပ်ချုပ်ခံခဲ့ကြရပါတယ်။

ယယ်ရယ် တီထွင်ထားတဲ့ နတ်ရုပ်ဟာ ကရင်နီအမျိုးသားတို့ရဲ့ အရှင်ဘုရင်ဖြစ်ကြောင်းနဲ့ ယွန်းတိုု့ အနေနဲ့ ကရင်နီအမျိုးသားတွေကိုု ဆက်လက်အုုပ်ချုပ်ရန် မလိုုတော့ကြောင်း ယွန်းမင်းကြီးထံ လျှောက်ထားခဲ့ရာ ယွန်းမင်းကြီးက အမျက်ဒေါသထွက်ပြီး ကရင်နီဘုရင်ကို ချေမှုန်းဖို့ စစ်သည်တွေနဲ့ ယယ်ရယ်တီထွင် အသက်သွင်းထားတဲ့ ဖိုးဒီးကရီးဆီကို စစ်ချီလာခဲ့ပါတယ်။

ဖိုးဒီးကရီးကို မြင်တော့ ယွန်းမင်းကြီးက သက်ရှိ မဟုတ်ဘဲ ၀ါး၊ အဝတ်အစားဟောင်းတွေနဲ့ ပြုလုပ်ထားတဲ့ အရုပ်ကို မြင်တော့ အမျက်ဒေါသထွက်ပြီး ဖိုးဒီးကရီ ရုပ်ကို ခြေထောက်ဖြင့်ကန်ချပြီး ရစရာမရှိအောင် နင်းချေပစ်လိုက်ပါတယ်။ ကရင်နီအမျိုးသားတို့မှ အရှင်သခင်အဖြစ် ယုံကြည်လေး မြတ်ထားတဲ့ ဖိုးဒီးကရီကို မင်းကြီးက အဲသလို မထီမဲ့မြင်ပြုပြီးတဲ့နောက် မိမိနန်းတော်အပြန်လမ်းမှာ ဝမ်းရောဂါကျပြီး ယွန်းမင်းကြီးအပါအဝင် စစ်သည်တွေများစွာ သေဆုံးခဲ့ကြပါတယ်။

ဒီအခြေအနေကို သိရှိတဲ့ ကရင်နီအမျိုးသား အနွယ်ဝင်စုတို့က ဓါးလှံစွဲကိုင်ပြီး ယွန်းလူမျိုးကို စတင်ပုန်ကန်တိုက်ထုတ်ကြပါတယ်။ စစ်တိုက်ကြရာမှာ ယွန်းလူမျိုးတွေက ကောက်ညှင်းထမင်းကို အမှုန့်ထောင်း၊ ခေါပုတ်အပြားပြုလုပ်ကာ ခမောက်အောက်မှာ ကပ်ထားပြီး ရိက္ခာအဖြစ် အသုံးပြု စားသုံုးကြပါတယ်။ ခေါပုုတ်မှာ အထားခံတဲ့အတွက် စစ်တိုုက်ရာမှာ များစွာအကျိုးပြုစေပါတယ်။

ကရင်နီလူမျိုးတို့ကလည်း ဒီးကူ ခေါ် ကိုင်းပင်တမျိုးရဲ့အရွက်ကို ကောက်ညှင်းနဲ့ထုတ်ပြီး ပြုတ်ကြရာ အထားခံတဲ့ရိိက္ခာအဖြစ် စစ်တိုုက်ရာမှာအသုံုးတည့်ခဲ့ပါတယ်။

ဒီးကူဟာ ခုနှစ်ရက်အတွင်း မပုပ်မသိုးဘဲ စားသုံးနိုိင်သလို ခြောက်သွားရင်လည်း မီးနဲ့ကင်ရင် ပြန်ပျော့ သွားတဲ့အတွက် ပြန်စားလို့ ရပါတယ်။ ဒီးကူသုံးလေးခုကို စုပြီး နှီးနဲ့ စုပေါင်းချည်ပြီး ပြုရတာဟာ ယွန်းလူမျိုးတို့ကို တိုက်ထုတ်ချိန်မှာ ပါဝင်တဲ့ အနွယ်စုတွေ သွေးစည်းညီညွတ်ရေးကို ပြသခြင်းဖြစ်ပါတယ်။

ယွန်းလူမျိိုးတို့ကို တိုက်ထုတ်နိုင်ခဲ့တဲ့ မိုးတွင်းအချိန်ကာလမှာ “ကျွန်ဘဝကနေ လွတ်မြောက်တဲ့ အထိမ်းအမှတ်”အနေနဲ့ ကရင်နီလူမျိုးတို့ရဲ့ ရွာတိုင်းမှာ အဲဒို (သို့) ပေါ်မီခေါ် ဒီးကူပွဲတော်ကို ပြုလုပ်ကျင်းပကြတာဖြစ်တယ်လို့  ကွယ်လွန်သူ ကရင်နီအမျိုးသားခေါင်းဆောင် ဆရာကြီးထဲဘူးဖဲ ရေးသားပြုစုခဲ့တဲ့ ကရင်နီလူမှုအဆောက်အအုံ၏ မိရိုးဖလာအယူအဆနှင့် ရိုးရာယဉ်ကျေးမှု စာအုပ်မှာ ရေးသားဖေါ်ပြထားပါတယ်။

ဒီးကူပွဲတော်ကိုု ယွန်းတွေကိုု အပြီးတိုုက်ထုုတ်နိုုင်ခဲ့တဲ့ စက်တင်ဘာနဲ့အောက်တိုုဘာလတွေမှာ ကျင်းပလေ့ ရှိကြပါတယ်။ ဒီးကူပွဲတော်ကာလအတွင်း ပြုလုပ်တဲ့ ပွဲအမျိုးမျိုးထဲမှာ ဖိုးဒီးကရီး နတ်ရုပ်ပြုလုပ်တာဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။

ဖိုးဒီးကရီးနတ်ရုတ်ကို ကိုင်တဲ့ သူနှစ်ဦးမှာ ရိုးသားဖြောင့်မတ်ပြီး ဖိုးဒီးကရီးကို ကိုင်ချိန် မူးယစ်သေစာ သောက်ထားလျှင် မရသလို အမျိုးသမီးတွေလည်း ဖိုးဒီးကရီးကို ကိုင်လို့ မရပါဘူး။

ဖိုးဒီးခရီးကို ယုံကြည်သူ ဒီးကူပွဲရောက်တိုင်း ပညာရေးနဲ့ပါတ်သက်ပြီး မေးမြန်းခဲ့တဲ့ ကျောင်းသား ခူးပလဲရယ်က “သူပြောခဲ့တဲ့အတိုင်း ဖြစ်လာပါတယ်။ ဒီနှစ်ကျနော် ဆယ်တန်းအောင်မလားလို့ သူ့ကို မေးတယ်။ သူပြောခဲ့တဲ့အတိုင်း ဖြစ်လာတယ်။ ဖိုးဒီးခရီးက ကျနော်တို့သူ့ကို မေးရင် ပြန်ဖြေပေး ပါတယ်။ ကျနော်တို့ ဘာမှ မမေးနိုင်ရင် သူလည်း ဘာမှ ပြန်ပြောနိုင်မှာမဟုတ်ဘူး။ သူ့ကိုမေးတဲ့ အချိန်မှာ ကျနော်ဆယ်တန်း တက်နိုင်မလား မတက်နိုင်ဘူးလား တက်နိုင်မယ်ဆိုရင်သုံးချက် ရိုက်ပေးပါလို့ သူ့ကိုပြောလိုက်ရင် သူသုံးခါ တကယ် ရိုက်ချပေးတယ်။ ဒါပေမယ့် ကျနော်တို့က သူ့ကို သဘောပေါက်အောင် မမေးနိုင်ရင်တော့ သူပြန်မဖြေနို်င်ဘူးပေါ့”လို့ ပြောပါတယ်။

ဖိုးဒီးကရီးဟာ ဒီးကူပွဲကာလအတွင်း ရွာမှာ သုံးညနေပြီး ပြန်လည်ပို့ဆောင်ရပါတယ်။ မပို့ဆောင်ခင်မှာ မည်သူက သူ့ကို ပိုးသွားမယ်။ မည်သူက ငိုမယ်။ မည်သူက သူ့ကို ခုတ်သတ်မယ်ဆိုတာတွေကို ဖိုးဒီးကရီး ကိုယ်တိုင်ရွေးချယ်ပြီး ကျေးရွာအတွက် နောက်ဆုံးမေးခွန်းများကိုလည်း မေးမြန်းကြပါတယ်။

ကရင်နီအမှတ် ၁ ဒုုက္ခသည်စခန်း ဒေါသမ ရပ်ကွက် ရေးရာမှူးက ခူးပလဲရယ်က “ကျနောတို့ကို ကြည့်ရှုစောင့်ရှောက်ဖို့ လိုတယ်။ ဖိုးဒီးခရီးက ဘာအရေးကြီးဆုံးလဲဆိုရင် ကျနော်တို့ နာမကျန်း ဖြစ်တာကို စောင့်ရှောက်ဖို့လိုတယ်။ ကျနော်တို့ နေဖို့ထိုင်ဖို့ ကျေးရွာ ဒေသအတွက် နောက် ကျနော်တို့ ကျန်းမာရေးနဲ့ပါတ်သက်တာကို အရေးကြီးဆုံးပေါ့”လို့ ပြောပါတယ်။

ဖိုးဒီးကရီးကို ရွာအတွင်း သုံးရက်နေပြီး လေးရက်မြောက်နေ့ သွားပို့ခါနီးမှာ အမျိုးသားတစ်ယောက်မှ ကြက်လို သုံးခါတွန်ပေးပြီး ကျန်အမျိုးသားတစ်ယောက်မှာ ဖိုးဒီးကရီးခေါင်းကို ခုတ်သတ်ရပါတယ်။ နောက်ပြီးရင်တော့ နောက်အမျိုးသားတစ်ယောက်က လိုက်ငိုပေးရပါတယ်။

ရွာအပြင်သို့ ပြန််လည်ပို့ဆောင်ဖို့ ရွာကို တစ်ပတ်လှည့်ပြီး ဘိုးဒီးကရီးနဲ့အတူ အဘိုးအို မြင်းဖြူစီးတဲ့ အရုပ်ကိုပါ ထမ်းပြီး လှည့်ရပါတယ်။ ရွာလှည့်ချိန်မှာ အိမ်တိုင်းက ဖိုးဒီးကရီးကို ဒီးကူနှင့် အစားအသောက်ကို ပေးသွားတဲ့အပြင် မိသားစုအတွင်း ကျေးရွာအတွင် ရောဂါ ပယောကတွေကို သယ်သွားပေးဖို့ ပြာမုန့်တွေကိုလည်း ထည့်သွားပေးပါတယ်။

ရွာတစ်ပတ်လှည့်ပြီးရင် ဖိုးဒီးကရီးကို တောထဲသို့ သွားပို့ဖို့အတွက် ရွာက အမျိုးသမီး၊ အမျိုးသား၊ ကလေး၊ လူကြီး၊ လူငယ်၊ အဖိုး၊ အဘွားတို့မှ သွားရောက်ပို့ဆောင်ခဲ့ကြပါတယ်။

အသက် ၄၆ နှစ်အရွယ် ဖိုးဒီးကရီးကို အမြဲကိုင်တဲ့ ဦးငါးရယ်က “ကျနော်တို့ ဘယ်လိုရောဂါ ဘေးပယောဂမျိုးပဲဖြစ်ဖြစ် ကျနော်တို့ ကျေးလက်ဒေသမှာ အရင်တုန်းက ရှေ့ခေတ်တုန်းကဆိုရင် ဒေါက်တာတွေ မရှိတာဖြစ်တယ်ပေါ့။ ကျနော်တို့ ဒုက္ခရောက်နေတယ်။ အဖျားအနာတစ်ခုခုဖြစ်ခဲ့ လို့ရှိရင် ဒီးကူပွဲကို ရောက်တယ်အချိန်မှာ ဖိုးဒီးခရီကို တိုင်တည်ပြီးမေးခဲ့တယ်။ ဘယ်ဟာကနေ ကူးစက်တယ်။ ဘယ်လိုလုပ်ရင် ပျောက်ကင်းတယ်ဆိုတာမျိုးကို ကျနော်တို့မေးလို့ရှိရင် သူအဖြေပေး နိုင်တယ်။ ဖိုးဒီးခရီဟာ သေဆုံးခြင်းမရှိဘူး ပရယ်ပရိုးလို့ ကျနော်တို့ ကရင်နီလိုခေါ်တာလေ။ သူသေရင်လည်း သူ့ရဲ့ ဝိညာဉ်က ကျန်ရစ်ခဲ့တယ်။ ကျနော်တို့ ဖိုးဒီးခရီရုပ်ထုကို ပြန်လုပ်လိုက်လို့ရှိရင် တော့ သူ့ရဲ့ ဝိညာဉ် ပြန်ဝင်လာပြီးတော့မှ ကျနော်တု်ိ့က သူ့ကို ခေါ်လိုက်ရင် ချက်ချင်းဝင်လာသလို ဖြစ်တယ်။ အဲချိန်မှာ သူ့ကို မေးလိုက်ရင် အဖြေပြန်ပေးနိုင်တဲ့အတွက် ကျနော်တို့ ကရင်နီလူသားတွေ အတွက် တော်တော်နဲ့ အကျိုးပြုသလို အရေးလည်း ကြီးတယ်”လို့ ပြောပါတယ်။

ဖိုးဒီးကရီးကို အလေးအမြတ်ထားတဲ့ ကရင်နီလူမျိုးတို့မှာ ရွာအပြင်ရောက်ရင် ဖိုးဒီးကရီးအတွက် ကြက်ဖတစ်ကောက် ကြက်ရိုးထိုးပြီး ကျွေးမွေးသလို လာရောက်ကတဲ့ ကလေး လူငယ်တွေကလည်း ဗုံမောင်းတီးပြီး ကခုန်နေကြပါတယ်။ ဒါ့အပြင် မီးကြည်ရှိုးခြင်း ဗောက်အိုးဖောက်ခြင်းတို့ကိုလည်း ပြုလုပ်ကြပါတယ်။

ကရင်နီလူမျိုးတို့ရဲ့ ယုံကြည်ချက်အရ ဒီးကူပွဲပြီးလို့ ဖိုးဒီးကရီးကို သွားပို့ပြီးပေမယ့် တစ်နှစ်တစ်ကြိမ် ခုုလိုု စက်တင်ဘာလနဲ့ အောက်တိုုဘာလ အချိန်ပြန်ရောက်လာလိုု့ ဘယ်တော့အခါမှ သေသွားခြင်း မရှိတဲ့ အရှင်လို့ ယုံကြည်ကြပါတယ်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...