မော်လမြိုင်မြို့နယ် AMDP ဥက္ကဌ၊ အတွင်းရေးမှုးနှင့် ပါတီဝင်အချို့ နှုတ်ထွက်

မော်လမြိုင်မြို့နယ် AMDP ဥက္ကဌ၊ အတွင်းရေးမှုးနှင့် ပါတီဝင်အချို့ နှုတ်ထွက်

မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းညီညွတ်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါတီခေါင်း   ဆောင်တို့က ပြတ်သားခြင်းမရှိဟုဆိုကာ မွန်ဒေသလုံးဆိုင်ဒီမိုကရေစီပါတီ AMDP မော်လမြိုင်မြို့နယ်မှ ပါတီဝင်အချို့ ပါတီဝင်အဖြစ်မှ အပြီးအပိုင် နှုတ်ထွက်လိုက်ကြောင်း သိရသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ မော်လမြိုင်မြို့နယ် ဥက္ကဌ နိုင်အောင်ချမ်း၊ ဗဟိုကော်မတီဝင်နှင့် မြို့နယ်အ တွင်းရေးမှူး နိုင်အောင်သန်း (ခ) စောနွန်အပါအဝင် စုစုပေါင်း (၇) ဦး တို့က လက်မှတ်ထိုးထားပြီး အဆိုပါ နှုတ်ထွက်စာကို အောက်တိုဘာလ ၂၅ ရက်နေ့က ပါတီဗဟိုဌာနချုပ်သို့ ပေးပို့ထားပြီးဟု ဆိုသည်။

မော်လမြိုင်မြို့နယ် AMDP ဥက္ကဌ နိုင်အောင်ချမ်းက “ပေါင်းစည်းဖို့ ဖြစ်လာမလားဆိုပြီးတော့ စောင့်နေတာ အချိန်သာကြာသွားတာ၊ ကနေ့အထိ မပေါင်းဖြစ်ဘူး။ ပေါင်းစည်းဖို့ ညှိနှိုင်းပေးလို့မရဘူးဆိုရင် ဒါဟာ ခေါင်း   ဆောင်ပိုင်းကလူတွေ မပြတ်သားခြင်းကြောင့်လို့ ကျနော်တို့မြင်တယ်၊ အဲဒါကြောင့် သူတို့နဲ့ မလိုက်နိုင်တော့ဘူး၊ လုပ်လည်းမလုပ်တော့ဘူး” ဟု ဆိုသည်။

၄င်းတို့အနေဖြင့် မွန်နိုင်ငံရေးပါတီများ တစ်ပါတီဖြစ်ရေးအတွက် ကြိုးစားလုပ်ဆောင်နေသည့် မည်သည့်အဖွဲ့ အစည်းနှင့်မဆို အတူတကွပူးပေါင်းသွားရန် အဆင်သင့်ရှိကြောင်း ၄င်းကဆက်ပြောသည်။

AMDP တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင်က “အကြောင်းပြချက်က အများကြီးပြောလို့ရတယ်၊ တခုတော့ရှိတယ်၊ နှုတ်ထွက်ချင်ရင် ရှင်းရှင်းလင်းလင်းလေး နှုတ်ထွက်သွား ရတယ်။ အပြစ်လိုက်ရှာပြီး နှုတ်ထွက်ချင်တဲ့ပုံစံမျိုး ကျနော်တို့မဖြစ်စေချင်ဘူး၊ နောက်ပြီးတော့ ပေါင်းစည်းတဲ့ကိစ္စဆိုတာ တဖက်တည်းနဲ့ လုပ်လို့မရဘူး” ဟု ပြော သည်။

အဆိုပါနှုတ်ထွက်စာနှင့် ပတ်သက်ပြီး မကြာခင် ပြုလုပ်မည့် ပါတီဗဟိုအလုပ်မှုဆောင် အစည်းအဝေးတွင်  ဆွေးနွေးဆုံးဖြတ်သွားမည်ဟု ၄င်းက ဆက်ပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP သည် ၂၀၁၀ ခုနှစ်က တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရရှိထားပြီး လက်ရှိအချိန်တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပါတီဝင်အင်အား နှစ်သောင်း(၂၀၀၀၀) ကျော် ရှိကြောင်း သိရသည်။

အလားတူ မွန်နှစ်ပါတီပေါင်းစည်းရေးဖြစ်မလာသည့်အပေါ် မွန်အမျိုးသားပါတီဗဟိုကော်မတီဝင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့ လည်း ပါတီမှနုတ်ထွက်မှုမျျားရှိနေကြောင်း တွေ့ရှိရသည်။

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...