မြဝတီခရိုင်ကို မူးယစ်ဆေး ကင်းရှင်းရေးနယ်မြေအဖြစ် KKO သတ်မှတ်

မြဝတီခရိုင်ကို မူးယစ်ဆေး ကင်းရှင်းရေးနယ်မြေအဖြစ် KKO သတ်မှတ်
by -
ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ ကလို့ထူးဘောကရင်အစည်းအရုံး-KKO အခြေစိုက်နယ်မြေများကို မူးယစ်ဆေးဝါး ကင်းရှင်းရေး နယ်မြေအဖြစ် ယမန်နေ့က သတ်မှတ်လိုက်ကြောင်း KKO က ပြောသည်။

KKO-logoထိုနယ်မြေအတွင်းရှိ ဒေသခံကရင်ရွာပေါင်း ၂၅ရွာမှ ရွာသူကြီး အပါအဝင် သက်ဆိုင်ရာ ရွာကိုယ်စားလှယ် ၅၀ကျော်ကို KKO က ၎င်းတို့ ၏ ဌာနချုပ် ကော်သူးမွဲခီး(ဆုံဆည်းမြိုင်)တွင် အစည်းအဝေးခေါ်ကာ မူးယစ်ဆေး တိုက်ဖျက်ရေးကိစ္စများ ဆွေးနွေးပြီးနောက် ထိုသို့ နှစ်ဦး နှစ်ဘက် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

KKO အတွင်းရေးမှူး စောဂုဏ်အောင်က “ဒီအစည်းအဝေးမှာ ကျနော်တို့ လှုပ်ရှားတဲ့ နယ်မြေတွေထဲ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ကိစ္စ လုံးဝ မရှိအောင် ဒေသခံတွေနဲ့ တိုက်ဖျက်သွားဖို့ သဘောတူညီခဲ့တယ်။ နောက် ကျနော်တို့နယ်မြေဟာ မူးယစ်ဆေး ကင်းရှင်းရေးနယ် မြေအဖြစ် တညီတညွှတ်တည်း သတ်မှတ်နိုင်ခဲ့ကြတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အစည်းအဝေးတွင် KKO အခြေစိုက်နယ်မြေအတွင်း မူးယစ်ဆေးသုံးစွဲသူနှင့် ရောင်းဝယ်သူများရှိပါက သက်ဆိုင်ရာ ရွာသူကြီးနှင့် ဒေသခံ တာဝန်ရှိသူများအား ဖမ်းဆီးခွင့်ပေးထားသည့်အပြင် ဖမ်းဆီးမိသူများကို KKO ထံသို့ အပ်ရန်လည်း ဒေသခံဘက်မှ သဘောတူ ထားသည်ဟု သူက ရှင်းပြသည်။

မူးယစ်ဆေးဝါး သုံးစွဲမှု၏ အကျိုးသက်ရောက်မှု ဆိုးကျိုးများကို လူထုများ သိစေရန်အတွက် အစိုးရမဟုတ်သောအဖွဲ့-NGOs မှ ကျန်းမာ ရေးနှင့် မူးယစ်ဆေးဝါး ပညာပေးအဖွဲ့များနှင့် ပူးပေါင်း၍ ဦးဆောင်လုပ်သွားရန် ရှိကြောင်း၊ လက်ရှိ ထိုနယ်မြေအတွင်းရှိ ဖလူးနှင့် မင်းလက်ပန်ဒေသအချို့တွင် ဒေသခံများ မူးယစ်ဆေးသုံးစွဲမှု အနည်းငယ်ရှိသည်ဟု အစည်းအဝေး တက်ရောက်သည့် ဒေသခံရွာလူကြီးများ က ပြောဆိုခဲ့သည်။

၎င်းအစည်းအဝေး ပြုလုပ်ပြီးနောက် “KKO ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) အပိုဒ်(တ)၌ ကရင်ပြည်တွင် မူးယစ်ဆေးဝါးနှင့် ပတ် သက်သော စိုက်ပျိုးမှု၊ ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှု လုံးဝ မလုပ်သကဲ့သို့ ကုန်သွယ်ခြင်းကိုလည်း လုံးဝ မပြုရ။ ကရင်ပြည်နှင့် ပြည်ထောင်စုတဝှမ်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် Drug Eradication Agency-DEA နှင့် လုပ်ဆောင်သွားမည်”ဟု KKO မှ ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

၎င်းအပြင် KKO ကော်မတီဝင် ၅ဦး ဦးဆောင်သည့် ယမန်နေ့ အစည်းအဝေးတွင် တက်ရောက်ခဲ့သည့် ဒေသခံ တာဝန်ရှိသူများက ဆွေး နွေးမှုအပေါ် အားရကျေနပ်မှုရှိကြောင်းနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် KKO နှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ပြောဆိုသွားခဲ့သည်။

သို့သော် ဒေသခံလူထုများအား ကွင်းဆင်းပညာရေးနှင့် ပတ်သက်၍ KKO အဖွဲ့ဝင်အတွင်း ညှိနှိုင်းဆောင်ရွက်သွားစရာများ ရှိနေသေး သည့်အတွက် လာမည့်ဇွန်လအတွင်းမှသာ စတင် အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း စောဂုဏ်အောင်က ဖြည့်စွက်ပြောဆိုသည်။

ယခင်လ ဧပြီ ၂၀ရက်နေ့၌ ထိုင်းအစိုးရ၏ ဒုဝန်ကြီးချုပ် ချရုမ်ယူဘန်းရူးက KKO လက်အောက်ခံ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (Democratic of Karen Benevolent Army-DKBA) ကလို့ထူးဘော စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်း မွှေး)ကို မူးယစ်ရာဇာအဖြစ် သတ်မှတ်ပြီး ၎င်းအား ဖမ်းဆီးနိုင်သူကို ဆုငွေဘတ် ၁သန်း ပေးမည်ဟု ထုတ်ပြန်ခဲ့သည်။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(Democratic of Karen Buddhist Army-DKBA)ကို ပြီးခဲ့သည့် ဧပြီလ ၄ရက် နေ့က ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်-DKBA အမည်အဖြစ် ကော့သူမွဲခီးဌာနချုပ်တွင် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်

Most read this week