လက်နက်ကြီးထိမှန်၍ ကျောင်းသား ၃ ဦး ထိခိုက်သေဆုံး

လက်နက်ကြီးထိမှန်၍ ကျောင်းသား ၃ ဦး ထိခိုက်သေဆုံး
by -
စောသိန်းမြင့်
ကရင်ပြည်နယ် ဖာပွန်ခရိုင် ခေးပူကျေးနယ်အတွင်းရှိ စာသင်ကျောင်းတကျောင်းအား နအဖစစ်တပ်က လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်ခဲ့ရာ ကျောင်းသား တဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ (Free Burma Ranger) က ယနေ့...

ကရင်ပြည်နယ် ဖာပွန်ခရိုင် ခေးပူကျေးနယ်အတွင်းရှိ စာသင်ကျောင်းတကျောင်းအား နအဖစစ်တပ်က လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်ခဲ့ရာ ကျောင်းသား တဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ (Free Burma Ranger) က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။  

ယခုလ ၁၉ရက်နေ့တွင် ခေးပူကျေးနယ်တွင် လှုပ်ရှားနေသည့် နအဖ အမှတ်(၇) နည်းဗျူဟာတပ်ဖွဲ့သည် တာယူပလော(ခေါ်) တာသူးခီးရှိ ရွာပုန်း ရွာရှောင်(အိုင်ဒီပီ) နေထိုင်ရာသို့ လက်နက်ကြီး ၅လုံးထက်မနည်း လှမ်းပစ်ခတ်ခဲ့ရာ ကလေးများ စာသင် ကြားနေသည့် စာသင်ကျောင်းကို လက်နက်ကြီးကျည်တလုံး ကျရောက်သည့် အတွက် ဆယ်ကျော်သက်အရွယ် ကျောင်းသား ၃ဦး ထိမှန်ကာ တဦးမှာ သေဆုံးသွားရခြင်းဖြစ်သည်ဟု (Karen Teacher Working Group-KTWG)မှ ကျောင်းဆရာ တဦးက ပြောသည်။

Dead body of student by spdc

“တာသူးခီးနဲ့ မနီးမဝေးမှာ နအဖ အမှတ် (၇) နည်းဗျူဟာတပ်ဖွဲ့ ရှိတယ်။ အဲဒီတပ်ဖွဲ့က ဒီလ ၁၉ရက်မနက် ၉နာရီကျော် လောက်မှာ ရွာသူရွာသားတွေ ရှိနေတဲ့နေရာကို လက်နက်ကြီးနဲ့ ၅လုံး၊ ၆လုံးလောက် လှမ်းပစ်တယ်။ အလုံးများတော့ စာသင် ကျောင်းထဲကို တလုံးကျလာပြီး ကလေး ၃ယောက်ကို ထိသွားတယ်။ အဲဒီအထဲက တယောက်ဟာ ဒဏ်ရာပြင်းထန်တော့ သေဆုံးသွားတယ်”ဟု ၎င်းက ပြောသည်။

ယင်းသို့ နအဖ စစ်တပ်၏ လက်နက်ကြီးထိမှန်သွားသည့် ကျောင်းသားလေးများမှာ စောရိုဘီမူး ၁၆နှစ်၊ စောအယ်ကော်သော ၁၂နှစ်နှင့် စောရီးရီ ၁၀နှစ်တို့ဖြစ်ကြပြီး စောရိုဘီမူးမှာမူ ၀မ်းဗိုက်တွင် ထိမှန်သည့်ဒဏ်ရာ အလွန်ပြင်းထန်သောကြောင့် နီးစပ် ရာဆေးခန်းသို့ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် သေဆုံးသွားခဲ့သည်ဟု FBR က သတင်း ထုတ်ပြန်ခဲ့သည်။

spdc a piece  of ammunition

လူဦးရေ ၃၀၀ကျော် နေထိုင်သည့် တာယူပလော(ခေါ်)တာသူးခီး ပြည်တွင်းရွာပုန်းရွာရှောင်နေရာတွင် ပြီးခဲ့သည့် ရက်အနည်း ငယ်က အဆိုပါစစ်တပ်မှ မကြာခဏ လာရောက်ပစ်ခတ်ခဲ့သော်လည်း ယခုလို စာသင်ကျောင်းထိမှန်ကာ ကျောင်းသားများ ထိ ခိုက်သေဆုံးမှုမှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။

ဘူးသိုမြို့နယ်အတွင်းရှိ ခေးပူကျေးနယ်သည် ဖာပွန်ခရိုင်၏ မြောက်ဖက်စွန်းတွင်ဖြစ်ပြီး လွန်ခဲ့သည့် ၂နှစ်ဝန်းကျင်ကတည်းက နအဖ စစ်တပ်ကို ပုန်းရှောင်ရင်း အိုင်ဒီပီဒေသ ဖြစ်လာခဲ့ရသည်။

Most read this week