ဖလမ်းမြို ့တိုးချဲ ့သည့် နေရာသို ့ ပြောင်းရွှေ ့သူ များပြားလာ

ဖလမ်းမြို ့တိုးချဲ ့သည့် နေရာသို ့ ပြောင်းရွှေ ့သူ များပြားလာ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်ဖလမ်းမြို ့တိုးချဲ ့သည့့် နေရာသို ့ မြို ့အနီးအနားရှိ ကျေးရွာများတွင် နေထိုင်းသူများက ပြောင်းရွှေကာ အိမ်နေရာများ တည်ဆောက်မှု များပြားလာပြီဖြစ်ကြောင်း သိရသည်။

ဖလမ်းမြို ့ အနောက်ဘက် Lungpi နှင့် Lungrang ကျေးရွာ ဒေသ များကို မြို ့သစ် တိုးချဲ ့တည် ဆောက်ရန် ၂၀၁၃ ခုနှစ်မှ သက်ဆိုင်ရာ အာဏာပိုင်များက စီစဉ်နေခဲ့ခြင်းဖြစ်ကြောင်း ဖလမ်း ဒေသခံ တစ်ဦးက ဆိုသည်။

“အခုနေရာတွေ လိုက်ရွေးနေပြီ၊ အဲဒီပတ်ဝန်းကျင်မှာ နေကြတဲ့ ကျေးရွာ လူထုတွေ အခုမြို ့သစ်တိုးချဲ ့ မည့်နေရာကို အိမ်သစ်တွေ ဆောက်လုပ်နေကြပြီ” ဟု အဆို ပါဒေသခံက ဆိုသည်။

ဖလမ်းမြို ့နယ်ရှိ Zalai, Laizo နှင့် ဖလမ်းမြို ့ပေါ်ရှိ ပြည်သူအချို ့ မြို ့သစ် တိုးချဲ ့တည်မည့်နေရာ သို ့ ရွှေ ့ ပြောင်း နိုင်ရန် အိမ်နေရာများ ၀ယ်ယူနေပြီးဖြစ်ရာ အိမ်ခြေပေါင်း (၁၃၀) ခန် ့ရှိပြီဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ အာဏာပိုင်များက မြို ့သစ်တိုးချဲ ့မည့်နေရာတွင် ဒေသခံလူထုအတွက် အိမ်နေရာ မြေကွတ်များ ချပေးခြင်း မရှိသေးသော်လည်း မြို ့သစ်တိုးချဲ ့မည့် အစီ အစဉ်ကြောင့် အိမ်နေရာ များဝယ်ယူနေကြခြင်းဖြစ် သည်။

“အိမ်နေရာ တစ်နေရာကို ကျပ်ငွေ သိန်း (၃၀)နဲ ့ ၀ယ်တယ်။ ကောင်းတဲ့နေရာကတော့ စျေးကြီး တယ်။ တနေရာနဲ ့ တနေရာတော့ မတူဘူးပေါ့။ ဒါပေမဲ့ အဲဒီတဝိုက် ဆိုရင် သိန်း (၃၀) နီးပါး စျေးနဲ ့ မြေယာပိုင်ရှင်ထံ ၀ယ်ယူနေကြတယ်” ဟု မြို ့သစ် သို ့ ပြောင်းရွှေ ့ရန် ပြင်ဆင်သူ ဒေသခံ တစ်ဦးက ဆိုသည်။

မြို ့သစ်တိုးချဲ ့မည့်နေရာတွင် အစိုးရက အဆင့်မြင့် ပညာရေး ကော်လိပ် တည်ဆောက်နေပြီး အစိုးရ ရုံးအဆောက်အဦး (၃၀) ခန် ့ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

Most read this week