ချင်းအမျိုးသားတပ်ဦး၏ အဓိပတိကောင်စီဝင် Pu Thang Ning Kee သည် ၄င်း၏ မွေးဇာတိ ချင်းပြည်နယ် မင်းတပ်မြို့ နယ် Zophaung, Hla Tui ရွာမှ ဒေသခံများနှင့် ဇန္နဝါရီလ ၂၄ ရက်နေ့က တွေ့ဆုံခဲ့သည်ဟု သိရသည်။
Pu Thang Ning Kee သည် ၂၀၁၂ ဒီဇင်ဘာ ရ ရက်မှ ၉ ရက်နေ့အကြား ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး ကနေဒါ နိုင်ငံသို့ အပြန် ခရီးတွင် ယခုကဲ့သို့ ဒေသခံများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဒေသစည်းရုံးရေး တာဝန်ခံ Salai AungLing Thang ကပြောသည်။
“တွေ့ဆုံပွဲမှာ ပူးထန်းနိန်းကီး က ၂၇ ချက်ပါ ပြည်ထောင်စုအဆင့် သဘောတူညီချက် တွေကို ရှင်းလင်းပြီး ကျတော်က ချင်းအမျိုးသား သမိုင်းနဲ့့ CNF ပေါ်ပေါက်လာပုံတွေကို ရှင်းလင်းပါတယ်” ဟု ဆလိုင်းအောင်လိန်းထန်းက ပြောသည်။
ဒေသခံ ပြည်သူလူထုုအပါအဝင် ခရစ်ယာန်အသင်းတော်က ချင်းရိုးရာ ၀က်တကောင်ဖြင့် ကြိုဆိုဧည့်ခံ ခဲ့ကြသလို ၄င်းတို့ လာမည့် ကားလမ်းအား ကျေးရွာနှစ်ရွာ ပူးပေါင်း၍ ပြုပြင်၊ ရှင်းလင်းပေးခဲ့သည်ဟု လည်း ဆက်လက် ပြောဆိုသည်။
ထို့အပြင် ဇန္နဝါရီလ ၂၅ ရက်နေ့က မင်းတပ်မြို့ပေါ် ဌာနဆိုင်ရာ ပေါင်းစုံနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းနှင့် ဌာနဆိုင်ရာ ၀န်ထမ်းတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြကြောင်း သိရသည်။



