CHRO က မီဇိုရမ်ပြည်နယ်တွင် NGOs Consultation Meeting ပြုလုပ်

CHRO က မီဇိုရမ်ပြည်နယ်တွင် NGOs Consultation Meeting ပြုလုပ်
by -
ခိုနူမ်းထုန်

မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တွင်  ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း အစီအစဉ်ဖြင့် ပထမဆုံး အကြိမ် NGOs Consultation Meeting ကို စက်တင်ဘာ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

NGO

ယင်း Consultation Meeting ၏ အဓိကရည်ရွယ်ချက်မှာ ဒေသခံမီဇိုလူမျိုးများ နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ် မှလာသော ချင်းပြည်သူများအကြား ဆက်ဆံမှု ပိုမိုကောင်းမွန်လာစေရန် ဖြစ်ကြောင်း ချင်းလူအခွင့်အရေး ပြောရေးဆိုခွင့်ရှိသူ ပူးတေရ က ယခုလိုပြောပါတယ်။

“ အဓိကတော့ NGO အဖွဲ့အစည်းတွေပေါ့။ မြန်မာပြည်က အဖွဲ့အစည်း နှင့် Local အဖွဲ့အစည်း အချင်းချင်း ဘယ်လို ပ့ံပိုးကူညီပြီးတော့ အလုပ် လုပ်နိုင်ကြမလဲ ဆိုတဲ့ဟာ ကျနော်တို့မှာ အခက်အခဲ အမျိုးမျိုး ရှိကြတယ်၊ အဲဒီအခက်အခဲတွေကို အချင်းချင်း ပ့ံပိုးကူညီဖို့ ရည်ရွယ်တာဖြစ်ပါတယ်။”

“ ယင်းဆွေးနွေးမှုအပေါ် ကျနော့်အနေနဲ့ အားရမှုရှိတယ်။ ကျနော်တို့ မသိ နာမလည်တဲ့ ဟာတွေကို ရှင်းရှင်း လင်းလင်း သိသွားတယ်” ဟု ပါ၀င်သူတဦးက ဆက်ပြောသည်။

ယင်းဆွေးနွေးပွဲတွင် မီဇိုရမ်ပြည်နယ်အတွင်း ချင်းပြည်သူ၊ ပြည်သားများ ကြံုတွေ့နေရသည့် လုပ်ငန်းပြသာနာ၊ ဘာသာရေးပြသာနာ၊ နိုင်ငံသား ကပ်ပြား (Identity Card) ပြသာနာ စသည့် အရာများကိုလည်း ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

ဤ NGOs Consultation Meeting တွင် ဒေသခံ NGO အဖွဲ့အစည်းများဖြစ်ကြသော Human Right Law Network, Mizo Zirlai Pawl (MZP), Zo Indigenous Forum,   နှင့် ခိုနှုမ်းထုန်သတင်းဌါန၊ Women League of Chin land အဖွဲ့အစည်းများမှ လူဦးရေ ၂၀ ကျော် တက်ရောက်ခဲ့ကြသည်။