ဒုက္ခသည် ပြန်ပို့ရေး၌ UNFC နှင့် UNHCR တို့ ပူးတွဲတောင်းဆို

ဒုက္ခသည် ပြန်ပို့ရေး၌ UNFC နှင့် UNHCR တို့ ပူးတွဲတောင်းဆို
by -
ရွှေဟင်္သာ

ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီး (UNHCR)၊ ထိုင်းအစိုးရနှင့် မြန်မာ အစိုးရတို့ သုံးပွင့်ဆိုင် သဘောတူညီမှု ဖြင့်သာ မြန်မာ ဒုက္ခသည် များအား နေရပ်သို့ ပြန်ပို့ သင့်ကြောင်း UNHCR နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့က ပူးတွဲ တောင်းဆို လိုက်သည်ဟု အတွင်း ရေးမှူး (၁) ခွန်ဥက္ကာက ဆိုပါသည်။

“ ဆွေးနွေး ပွဲကို မနေ့က ဇင်းမယ် UNFC ရုံးမှာ တွေ့ဆုံပြီးတော့ သဘော တူခဲ့တာဖြစ်တယ်။ သူတို့ကတော့ ကျနော်တို့ UNFC နဲ့ အစိုးရတို့ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ဒုက္ခသည် အရေးကိစ္စ အစီအစဉ် ရှိသလား ဆိုတာ သိချင်တယ်။ ပါတယ်ဆို ရင်လည်း UNHCR မဟာမင်းကြီး ရုံးဖက်က သတင်း အချက်အလက် အရပဲ ဖြစ်ဖြစ် နည်းပညာ အရပဲဖြစ်ဖြစ် အထောက်အကူ ပေးနိုင်ဖို့ အတွက် လာပြီး ပြောတာပါ။ UNHCR အနေနဲ့ကတော့  လောလောဆယ် အနေ အထားမှာ ဒုက္ခသည် တွေကို ပြန်ပို့ဖို့ အစီအစဉ် မရှိသေးပါဘူး။ တကယ်လို့ မြန်မာနိုင်ငံမှာ အေးချမ်း တည်ငြိမ်ပြီး စိတ်ချရတဲ့ အချိန်မှာမှ သုံးပွင့်ဆိုင် လက်မှတ် ထိုးပြီးမှ ပြန်ပို့မှာပါ” ဟု ဆိုပါသည်။

ဒါ့အပြင် UNHCR သည်UNFC နှင့် အစိုးရတို့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွင် ကြားနေ အဖြစ်သာ နေပြီး ဒုက္ခသည်များ အတွက် လူ့အခွင့်ရေး ရှူ့ထောင့်မှ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံရေး အရ ဆွေးနွေးပွဲ ဖြစ်ပေါ်လာရန် အတွက်လည်း UN ရုံးချုပ်ရှိ အထွေထွေ အတွင်းရေးမှူးမှ သွယ်ဝိုက်သည့် နည်းဖြင့် တွန်းအားပေး အကူအညီ ပေးလျှင် ရနိုင်မည် ဖြစ်ကြောင်း ပြောသွား သည်ဟု ဆိုပါသည်။

UNFC ၏ နိုင်ငံရေး ဆွေးနွေး ပွဲတွင်လည်း ဒုက္ခသည် အရေးသည် အစီအစဉ် တစ်ခု အနေဖြင့် ပါ၀င်မည် ဖြစ်ကြောင်း၊ ဒုက္ခသည် အရေးသည် UNFC မူတွင် ပြည်တွင်းစစ် အရေး ဖြစ်သည် သတ်မှတ် ထားသည်ဟု ဆိုပါသည်။ ပြည်တွင်း စစ်သည် နိုင်ငံရေးကြောင့် ဖြစ်ပေါ် လာသည့် အတွက် နိုင်ငံရေး အရ အစိုးရ ဘက်မှ တွေ့ဆုံ ဆွေးနွေးမှု မပြု လုပ်လျှင် နိုင်ငံရေး အရ သဘော တူညီချက် မရလျှင် ဒုက္ခသည်ကို ပြန်လည် နေရာချဖို့ အလျင်စလို မလုပ်သင့်ကြောင်း နှင့် တည်ငြိမ် အေးချမ်းမှု မရှိသေးလျှင် ပြန်မပို့ သင့်ကြောင်း အပြန်အလှန် ဆွေးနွေး ကြသည်ဟု ဆိုပါသည်။

ယခု ဆွေးနွေးပွဲတွင် ထိုုင်းနုုိင်ငံ ဘန်ကောက်မြို့ အခြေစိုုက် UNHCR ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုုင်ရာ မဟာမင်းကြီး ရုံုးမှ ထိုင်းနုုိင်ငံ ဆိုုင်ရာ တာဝန်ခံ Ms. Mireille Girard ၊ မဲဆောက် တာဝန်ခံ ပီယံတို့ ၂ ဦး နှင့် UNFC ကိုယ်စားလှယ် အဖြစ် ခွန်ဥက္ကာနှင့် သြပေါမူတို့ က ဦးဆောင် ဆွေးနွေး ခဲ့ကြ ပါသည်။

အစိုးရသည် နိုင်ငံရေး အရ ဆွေးနွေးမှု မပြုသေးပဲ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို အလျှင် လုပ်လာခဲ့လျှင် UNFC အနေနှင့် လုံးဝ လက်ခံမည် မဟုတ်သလို လက်မှတ် ရေးထိုးမည် မဟုတ်ပါ။ နိုင်ငံရေး အရ ဆွေးနွေးပွဲဖြစ် ပေါ်ရန် အစိုးရ ဘက်မှ အာမခံ ချက်ကို ဦးစွာ လက်မှတ် ထိုးပေး ပြီးမှ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို သဘောတူ မည်ဖြစ်သည် ဟုဆိ်ုပါသည်။

“နိုင်ငံရေး အရ ဆွေးနွေးပွဲ မရှိပဲ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပြီး စီးပွားရေး လိုလို၊ ဖွံ့ဖြိုးရေး လိုလို အချိန်ဆွဲ သွားခဲ့လျှင် အနှစ် ၂၀၊ ၃၀ ကြာသည့် အချိန်ထိ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မလာ ခဲ့လျှင် ဗိုလ်ချုပ် ခင်ညွန့်ခေတ် အတိုင်း ပြန်လည် ဖြစ်သွား နိုင်ပါတယ်” ဤသို့ကြောင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် အတိအကျ အကောင် အထည် ဖော်သည့် အချိန် ရမှသာလျှင် အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ထိုးမှ ပိုမှန်သည်ဟု ကိုင်စွဲ ထားကြောင်း ဆိုပါသည်။

UNHCR သည် ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်နေ့ မှ (၁၃) ရက်နေ့အထိ ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR အစည်း အဝေး၌ ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည် များအား နေရပ် ပြန်လည် နေရာ ချထားရေး ကိစ္စနှင့် ပတ်သတ်၍ အစီအစဉ် မရှိသေးကြောင်း UNHCR မှ ဆုံးဖြတ်ထား ခဲ့ပါသည်။

Most read this week