ဒု-သမ္မတ နေရာအတွက် ဦးမြင့်ဆွေအား ရာထားချက်ကို ရွေးချယ်ရေး အဖွဲ့က လက်မခံ

ဒု-သမ္မတ နေရာအတွက် ဦးမြင့်ဆွေအား ရာထားချက်ကို ရွေးချယ်ရေး အဖွဲ့က လက်မခံ
by -
ရွှေဟင်္သာ

လစ်လပ် သွားသည့် ဒုတိယ သမ္မတ နေရာအတွက် ရန်ကုန်တိုင်း ၀န်ကြီးချုပ်အား အစားထိုး ခန့်အပ်မည့် ကိစ္စကို ဒုတိယ သမ္မတ ရွေးချယ်ရေး အဖွဲ့က လက်မခံကြောင်း ရွေးချယ်ရေး အဖွဲ့နှင့် နီးစပ်သူ လွှတ်တော် အမတ်တဦးက ရွှေဟင်္သာ သတင်းဌာနကို ပြောပါသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
လက်မခံသည့် အကြောင်းပြချက်ထဲ၌ ဦးမြင့်ဆွေ၏သမက် သြစတြေးလျားနိုင်ငံသားဖြစ်နေခြင်း၊ ၂၀၁၀ခုနှစ် လှုပ်ရှားမှုကို အမိန့်ပေးထား ခြင်းမရှိဘဲ ပြတ်ပြတ်သားသား ကိုင်တွယ်ခဲ့ခြင်း၊ (ဤကိစ္စ နေပြည်တော်မှ ၄င်းအား ခေါ်ယူ စစ်ဆေး ခဲ့ဖူးပါသည်)။ ထို့အပြင် သီတဂူ ဆရာတော် အရှင်ဉာဏိသရ ကျောင်းအား ရဲအင်အားဖြင့် ၀ိုင်းခြင်း၊ ဆရာတော် ကိုလည်း မလိုအပ်ဘဲ တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ခဲ့ခြင်း၊ အချက်များလည်း ပါ၀င်သည်ဟု ဆိုပါသည်။

လက်မခံသည့် ဒုတိယသမ္မတ၏ ရွေးချယ်ရေးအဖွဲ့တွင် ပြည်ထောင်စု လွှတ်တော်နာယက အပါအဝင် အဖွဲ့ဝင် ရ ဦးပါ၀င်ပြီး ပြီးခဲ့သည့် ကြာသပတေးနေ့ (ဇူလိုင် ၁၂)ရက်နေ့က ဖွဲ့စည်းခဲ့ပါသည်။  ရွေးချယ်ရေးအဖွဲ့ကို အမျိုးသား လွှတ်တော် နှင့် ပြည်သူ့ လွှတ်တော် လွှတ်တော် ဥက္ကဌ များ၊ ဒု ဥက္ကဌ ၂ ဦး၊ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသား လွှတ် တော်မှ  မန္တလေးတိုင်းဒေသကြီးမှ အမတ် ဦးဇော်မြင့်ဖေ၊ ပြည်သူ့ လွှတ်တော် အမတ် ဦးဌေးဦးနှင့် တပ်မတော်သား ကိုယ် စားလှယ် ကိုယ်စားပြု ၁ ဦး တို့ ပါ၀င်ပါသည်။

ယင်းအဖွဲ့က ဒုတိယသမ္မတ အရည်အချင်းနှင့် ညီညွတ်မှု ရှိမရှိကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်များနှင့် ကနဦး စစ်ဆေးမှု ပြုလုပ်မည် ဖြစ်သည်။ အရည်အချင်းနှင့် ညီညွတ်ပါက ယခုအပတ် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုနိုင်ဖွယ် ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောပါသည်။
ဦးမြင့်ဆွေသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံတော် တစ်ဦးဟု အကယ်၍ ဦးမြင့်ဆွေကို ဒုတိယ သမ္မတ ရွေးချယ်ရေး အဖွဲ့က လက်မခံ ခဲ့ပါက ဗိုလ်ချုပ်မှူးကြီး၏ အခန်းကဏ္ဍလည်း မှေးမှိန်လာသည့် လက္ခဏာဟု ဝေဖန် သူများက သုံးသပ် နေပါသည်

Most read this week