မြန်မာနှင့်အဓိက ကုန်သွယ်ဘက်နှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ မိတ်ဖက်နိုင်ငံအဖြစ် တည်ရှိစေလိုကြောင်း မြဝတီ စက်မှုဇုံသို့ သွားရောက်ခဲ့သည့် မဲဆောက််မြို့ တပ်ခရိုင်ကုန်သွယ်ကြီးများ အသင်းမှထိပ်တန်းအကြံပေး အရာရှိက ပြောပါသည်။
မြန်မာနှင့်အဓိက ကုန်သွယ်ဘက်နှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ မိတ်ဖက်နိုင်ငံအဖြစ် တည်ရှိစေလိုကြောင်း မြဝတီ စက်မှုဇုံသို့ သွားရောက်ခဲ့သည့် မဲဆောက််မြို့ တပ်ခရိုင်ကုန်သွယ်ကြီးများ အသင်းမှထိပ်တန်းအကြံပေး အရာရှိက ပြောပါသည်။ သူသည် ရန်ကုန်မြို့၌ အနှစ် (၂၀) ကျော် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသူ နိုင်ဝိချိုင် ချင်းထောင်ခန်ဖြစ်ပြီး မြဝတီမြို့ အုပ်ချုပ်ရေးမှူး၏ အဆိုအားကိုးကား၍ ယမန်နေ့ညပိုင်းက မြန်မာနိုင်ငံ၏တံခါး ဖွင့်စီးပွားရေး မူဝါဒအကြောင်း သုံးသပ်ချက်အစီအစဉ်၌ ပြောကြားသွားပါသည်။

“မြဝတီမြို့ အုပ်ချုပ်ရေးမှူးရဲ့ အဆိုအရ ကျွန်တော်တို့ ထိုင်းနိုင်ငံကို အခြားနိုင်ငံများထက် အဓိက ကုန်သွယ်ဘက် နိုင်ငံအဖြစ် မြန်မာဘက်က တည်ရှိ နေစေလိုတယ်၊ ထိုင်းနိုင်ငံက ရင်းနှီး မြုပ်နှံမှု တွေကိုလည်း အခုလက်ရှိ ကနေ တိုးတက် ရင်းနှီးမြုပ်နှံ ကြဖို့ ဖိတ်ခေါ်ကြောင်း၊ နယ်မြေ အနေအထား ဆက်စပ်မှု အရလည်း ထိုင်းနိုင်ငံနဲ့ မြန်မာ နိုင်ငံဟာ နယ်စပ် စခန်းများစွာ ဆက်စပ်လျက်ရှိပြီး ရာစုနှစ် သုံးခုလောက် နယ်စပ် ဖြတ်သန်း စီးပွား ကုန်သွယ်မှု ပြုခဲ့ကြတာ အခုဆိုရင် မျိုးဆက် သုံးဆက် သို့တိုင်နေပြီ၊ အခု အနေအထား အရ တံခါးဖွင့် စီးပွားရေး စနစ်ကို ကျင့်သုံးလာတဲ့ မြန်မာနိုင်ငံ အနေအထားအရ ထိုင်းနိုင်ငံကို အဓိက ကုန်သွယ်မှု မိတ်ဖက်အဖြစ် ရင်းနှီးမြုပ်နှံမှု ပြုစေလိုကြောင်း” ပြောသွားခဲ့ပါသည်။
လွန်ခဲ့တဲ့လ၌ နိုင်ဝိချိုင် ချင်းထောင်ခန်သည် မြဝတီမြို့ အထူး ကုန်သွယ်ရေးဇုန်သို့ သွားရောက်ခဲ့ပြီး မြန်မာဘက်မှ မြဝတီမြို ့၏ ထိပ်တန်း အာဏာပိုင်နှင့် အုပ်ချုပ်ရေး အဖွဲ့များနှင့်လည်း တွေ့ဆုံ ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ လျင်မြန်စွာ ပြောင်းလဲလာသည့် တံခါးဖွင့် စီးပွားရေး စနစ်နောက်သို့ အမှီလိုက်ပြီး သက်ဆိုင်ရာ နယ်ပယ်မှ စီးပွားရေး ရင်းနှီး မြုပ်နှံမှုများ အလိုက် ဝင်ရောက် နေရာယူ ထားကြရန်လည်း ၄င်းမှ တိုက်တွန်း ပြောကြားသွားပါသည်။
“ကျွန်တော်တို့ ထိုင်းကုန် ပစ္စည်းတွေကို မြန်မာပြည်သူ တွေရဲ့ ဦးစားပေး ရွေးချယ်မှုမှာ အဆင့် (၁) မှာ ရှိတယ်လို့ ကျွန်တော် သုံးသပ် မိပါတယ်။ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ် ကိုင်နေကြတဲ့ အလုပ်သမားတွေ အများကြီးရှိပါတယ်။ သူတို့တွေက တစ်ဆင့် ပျံ့နှံ့သွားတဲ့ ထိုင်းကုန်ပစ္စည်း တွေဟာ မြန်မာပြည်နဲ့ အဝှမ်းမှာ တွေ့နိုင် ပါတယ်။ အခြားနိုင်ငံက ကုန်ပစ္စည်း တွေနဲ့စာရင် အထူးတလည် မိတ်ဆက်စရာ မလိုတော့ပါဘူး၊ မြန်မာနိုင်ငံ အတွင်းမှာလည်း ထိုင်းရုပ်/သံ ဖမ်းယူ ကြည့်ရှူ့ဖို့ ကောင်းကောင်း ရရှိနိုင်တယ့် အနေအထား ကိုလည်း တွေ့ရတယ်၊ ကြေငြာကဏ္ဍလည်း အတိုင်းအတာ တစ်ခုထိ ထိရောက်မှု ရှိနိုင်ပါတယ်၊ မြန်မာနိုင်ငံသားတွေ အနေနဲ့ ရွေးချယ်ခွင့် ရှိမယ် ဆိုရင် ထိုင်းနိုင်ငံက ကုန်ပစ္စည်းတွေကို ဦးစားပေး ရွေးချယ် အသုံးပြု ကြမယ်လို့ ကျွန်တော်မြင်ပါတယ်” ဟုလည်း နိုင်ဝိချိုင်မှ ထပ်လောင်း သုံးသပ် ပြသွားပါသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နယ်စပ် နယ်နမိတ် ၁၈၀၀ ကီလိုမီတာ ခန့် ထိစပ်လျှက် ရှိပြီး ပကတိ အခြေအနေရ ကုန်သွယ်ရေး အများစုမှာ နယ်စပ်ဒေသကို အခြေခံ၍ ကုန်သွယ်မှုများသာ ရှိနေသေးသည်။ စစ်အာဏာရှင်စနစ် ကြီးစိုးသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အုပ်ချုပ်စဉ်၌ နယ်စပ်ပြသနာရပ်များ ရှိခဲ့သော်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကြီးအကျယ် ပစ်ခတ်မှု မဖြစ်ပွားအောင် ထိန်းသိမ်း လုပ်ဆောင်နိုင်ခဲ့သည်။ ထိုသို့ နယ်စပ်ပြသနာ တင်းမာမှု ရှိနေသော်လည်း ကုန်သွယ်မှု ပမာဏမှာ ကျဆင်းခြင်း မရှိသွားပဲ တိုးတက်လျက်သာ ရှိခဲ့သည်။

လွန်ခဲ့သည့် ငါးနှစ်တာကာလသို့ ပြန်ကြည့်လျှင် တစ်နှစ်လျှင် ထိုင်းဘတ်ငွေ သန်းပေါင်း ၃၀၀၀၀ သန်း ကျော်ခန့် ကုန်သွယ်မှု ပြုရာမှ၊ နောက်နှစ်များတွင် သန်းပေါင်း ၄၀၀၀၀ ကျော် နှင့် နောက်နှစ်များတွင် ဘတ်ငွေ သန်းပေါင်း ၅ သောင်း ၄ ထောင်ကျော်၊ ထိုမှ နောက်နှစ်များတွင် ဘတ်ငွေ သန်းပေါင်း ၆ သောင်း ၆ထောင် ကျော်နှင့် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ဘတ်ငွေ သန်းပေါင်း ၈ သောင်း ၅ ထောင် အထိ တိုးတက်မှု ရှိခဲ့ကြောင်း ထိုင်းကူးသန်း ရောင်းဝယ်မှု ဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါသည်။
မြန်မာနိုင်ငံ၌ အစိုးရသစ် ပြောင်းလဲလာသည့် နောက်ပိုင်း၌ ထိုင်းနိုင်ငံနှင့် သံတမန်ရေး ဆက်သွယ်မှုမှာ တိုးတက် ကောင်းမွန်လျက်ရှိပြီး ထိုင်းဝန်ကြီးချုပ် မစ္စစ် ယိင်လာပ် ရှင်နာဝါဒ် ပင်လျင် နေပြည်တော်သို့ သွားရောက်၍ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ ယင်းအကျိုးဆက် အနေနှင့် မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားအား လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ၌ ထိုင်းဘုရင် မင်းမြတ်၏ မွေးနေ့၌ တရားဝင် ပြန်လည် ဖွင့်လှစ် ပေးခဲ့ပြီး မြန်မာနိုင်ငံဘက်မှလည်း မြန်မာနိုင်ငံ၌ အကျဉ်းကျ ခံနေရသည့် ထိုင်းနိုင်ငံသား (၇) ဦးအား လွတ်ငြိမ်း ချမ်းသာခွင့် ပြုခဲ့သည်။ ယခု မြဝတီ အထူး စီးပွားရေး ဇုန်အား ဖွင့်လှစ်ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား ကုန်သွယ်မှုမှာ ယခင်ကထက် တိုးတက် ကောင်းမွန်ရန် နှစ်နိုင်ငံမှ အစိုးရများ မျှော်လင့် ထားကြောင်း သိရှိရပါသည်။
မြန်မာနှင့်အဓိက ကုန်သွယ်ဘက်နှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ မိတ်ဖက်နိုင်ငံအဖြစ် တည်ရှိစေလိုကြောင်း မြဝတီ စက်မှုဇုံသို့ သွားရောက်ခဲ့သည့် မဲဆောက််မြို့ တပ်ခရိုင်ကုန်သွယ်ကြီးများ အသင်းမှထိပ်တန်းအကြံပေး အရာရှိက ပြောပါသည်။



